Aquarius

Aquarius

January 20 - February 18
Nautre - Air 💨
IndependentIntellectualUnconventionalStubbornHumanitarian

🌊ထူးထူးဆန်းဆန်းလေးတွေကိုမှသဘောကျတတ်တဲ့သူတို့ အများနဲ့အတူတမူထူးတဲ့အရသာမျိုးကိုမှလိုချင်ကြတဲ့သူတို့ ဘယ်သူမှစိတ်မဝင်စား စိတ်ဝင်စားဖို့ကောင်းတယ်လို့မထင်တာတွေကိုမှ စိတ်ဝင်စားတတ်ကြတဲ့ Mercury Aquarius တို့။ သူတို့အကြိုက်ကလေ လူတွေအကြည့်များတဲ့ video မျိုးမဟုတ်ဘူး လူတိုင်းနားထောင်နေတဲ့သီချင်းလည်းမဟုတ်ဘူး တော်ရုံဘယ်သူမှအဲ့လောက်စိတ်မဝင်စား attention မပေးတဲ့ဟာကိုမှကြိုက်ကြတာ။ အဲ့တာမို့လည်းကြိုက်လိုက်တိုင်း လူသိနည်းတာတွေပဲများပါတယ်။ သူတို့ကြိုက်တာကိုလာပြီးတော့ ဝေဖန်လေကန်လည်းပြန်တောင် သမ်းပြလိုက်အုန်းမယ်သူလေးတွေ အေးဆေးပဲ။ လူမသိသူမသိလေးတွေကိုအုထားတဲ့နေရာမှာတော်ကြတဲ့သူတွေပေါ့😁စတာပါ။ 🌊Mercury Aqa တို့ကအမြင်ရှိတဲ့ထဲလည်းပါကြတယ်။ တစ်ခုခုလုပ်ထားတာမျိုးလေးဆိုလည်း ဘယ်လိုလေးပိုကောင်းအောင်လုပ်လို့ရလဲ ဘယ်လိုလေးဆန်းသစ်လိုက်ရင်ပိုစိတ်ဝင်စားသွားနိုင်လဲ ဆိုတာကိုအမြဲလိုလိုတွေးနေတတ်ကြသေးတာ။ ငယ်ကတည်းကလည်းစာဖတ်ဝါသနာပါတာဆိုတော့ ဒီလိုလေးတွေမြင်တတ်လာတာပေါ့။ စာဖတ်အိုးလေးတွေ Mercury Aqa တို့ဘာလေးတွေဖတ်ကြမယ်ထင်လဲ..? 🌊အမြင်တွေလည်းစူးရှပြီးသူများတွေတော်ရုံမမြင်ပဲ လွဲနေတာလေးတွေဆိုလည်းသူတို့ကတော့မြင်တတ်ချက်ပဲ။ အများမတူတဲ့သူရဲ့အတွေးတွေက လွတ်လပ်လွန်းတာကြောင့်လည်းပါတာပေါ့။ အသစ်အဆန်းလေးတွေဆိုလည်း လက်ခံပေးတတ်တယ် ထူးထူးဆန်းဆန်းလေးတွေဆိုလည်း သဘောကျကျသေးတယ်။ တခါတလေကျကိုယ့်ဒုက္ခကိုယ်ရှာတာမျိုးတွေကလည်းရှိသေးတာ🤭ဘယ်လိုရှာလဲဆိုတော့ သူတို့တွက်နည်းနည်းလေးခက်တယ် သူတို့နဲ့အမြင်နဲ့မတူကွဲလွဲတာလေးတွေဖြစ်နေတဲ့ အခြေအနေလေးတွေဆိုခြေစုံကိုပစ်ဝင်လိုက်တာ။ အဲ့လိုလုပ်တော့ပိုပြီး challenging ဖြစ်တယ်လေ အဲ့ဒီ့ခံစားချက်အဲ့ဒီ့ကနေဖြစ်လာတဲ့အတွေးတွေကိုသူတို့ကကြိုက်ကြတာ အာ့ကြောင့်အာ့ကြောင့်။ အယူသည်းပြီးဒါမှဒါဆိုတာမျိုးတွေဆို မကြိုက်ကြဘူးလေ။ ပျင်းစရာလည်းကောင်းပြီးသူတို့လည်းစိတ်မဝင်စားဘူး။ 🌊သူတို့စကားပြောရင်လည်းရှည်မြန်။ သူတို့တွက်တော့ပုံမှန်ပဲနှေးတယ်တောင်ထင်ရင်ထင်အုန်းမှာ နားထောင်ရတဲ့သူတွေတွက်ကတော့ light speed အလားပဲ။ ပြောတဲ့အသုံးအနှုန်းတွေဆိုလည်း တခါတလေကျဘေးလူတွေနားမလည်လောက်ဘူး။ Abstract ဆန်တာမဟုတ်ဘူးနော် သူတို့က technical terms တွေသိပ်သုံးတာ တခါတလေကျပြန်တော့ ခေတ်ဆန်ဆန်ပြောတာတွေကြောင့်လိုက်လို့မမှီတဲ့သူတွေဆိုရင်တော့ သူတို့ပြောတာကိုပေကလပ်ပေကလပ်နဲ့ကြောင်ပြီးနားထောင်နေယုံတပါး....😁 🌊သူစိမ်းတွေနဲ့စတွေ့ပြီဆိုရင်လည်း စပြီးခေါ်တာပြောတာမျိုးတွေလုပ်တတ်တယ်။ ခင်ချင်လို့တော့မဟုတ်ဘူး အတွေးထဲမှာ" ဒီတစ်ယောက်ကဘာလဲ ဘယ်လိုလဲ" ဆိုတဲ့မေးခွန်းဖြစ်နေလို့ အဖြေလာရှာတာမျိုး။ အဲ့လိုဆိုလို့လည်းဘာမှမသိပဲလာတာလို့တော့မထင်လိုက်နဲ့ ခေါင်းစခြေဆုံးကြည့်လိုက်ပြီးအကဲခတ်ထားပြီးသား။ မျက်နှာကိုယ်နေဟန်ထားပြောပုံဆိုပုံ မျက်လုံးတွေဒါတွေအကုန်လုံးကိုကြည့်ထားပြီးသား ဖတ်ထားပြီးသားပြီးတော့မှစစကားပြောတာ။ နည်းနည်းလေး confirm လုပ်ချင်တာမျိုးပိုပြီးတစ်ခုခုသိစရာများရှိသေးမလားလို့လေ😁 🌊 Psycho ဆိုလည်းစိတ်ဝင်စားတာပဲ ပေါင်းသင်းဆက်ဆံရေးအကြောင်း လူတွေအကြောင်းဆိုလည်းသိချင်တယ်။ လူ့စိတ်တွေကိုစိတ်ဝင်စားတတ်တာမျိုးပေါ့လေ။ သူတို့ကိုတော့အရူးလုပ်လို့မရဘူး သူတို့ရဲ့အစွဲအလန်းသိပ်မရှိတတ်တဲ့စိတ်ကြောင့် သွားပြီးချယ်လှယ်ချင်တာတွေလုပ်လို့ရမယ်မထင်လိုက်နဲ့ သူတို့အေးဆေးပဲ။ 🌊ပြဿနာပုံထဲမှာဒိုင်ပင်ထိုးဝင်ချင်တဲ့ ဓာတ်ခံလေးနဲ့ဆိုတော့ရှင်းရလင်းရတာမျိုးက သူတို့တွက်စိတ်ဝင်စားစရာတစ်ခုကိုဖြစ်နေတာ။ အချက်အလက်တွေရှာ ဘာကြောင့်ဆိုတာကိုသက်သေပြအဲ့လိုလုပ်နေရရင်ကိုပျော်တာ။ တခြားသူတွေကိုလည်းသိပ်ဂရုမစိုက်တတ်တာဆိုတော့ တခါတလေကျစည်းတွေဘာတွေဆိုလည်း မှန်တယ်ထင်ရင်ဖောက်ဖို့ဝန်မလေးဘူး။ သူတို့အတွေးနဲ့သူတို့ပဲ သူတို့ဆုံးဖြတ်ချက်တိုင်းခံမယ်ဆိုတဲ့သူတွေ။ အဲ့တော့ခေါင်းမာတဲ့သူလေးတွေပေါ့။ အာဏာတွေပါဝါတွေလာပြရင် ပညာပြန်မပေးရပဲမနေနိုင်တာသူတို့ပဲ။ (ဟုတ်တယ်မလား🤭) 🌊တော်ရုံနဲ့အစေးမကပ်တာကိုတော့ထည့်မပြောနဲ့ သူတို့ကိုယ်သူတို့တောင်အစေးကကပ်ချင်မှကပ်တာ သိပ်ကပ်ချင်တာမဟုတ်ဘူးရယ်။ ခံစားချက်တွေဆိုဝေလာဝေး သိပ်ပြီးဂရုမစိုက်တတ်ကြဘူး။ ဘာလို့လုပ်သင့်တာ ဘာကြောင့်ဆိုတာတွေကပဲ သူတို့အတွက်အဖြေလို့ယူကြတာ။ နှလုံးသားမရှိတဲ့သူတွေလို့တော့မထင်စေချင်ဘူး ခံစားချက်တွေပေါ်မမှီခိုတတ်တာလို့ပဲသိစေချင်တယ်။ လူတွေကိုကူညီပေးချင်တဲ့စိတ်သူတို့မှာရှိတယ် လုပ်ပေးစရာရှိလုပ်ပေးလိုက်တယ်ဒီလောက်ပဲ။ Volunteer လုပ်တာမျိုးတွေဆိုစိတ်ပါကြတယ်။ သူတို့ရဲ့ကူညီပေးတတ်တဲ့စိတ်ကဘယ်နေရာမှာ sensitive ဖြစ်လဲဆိုတော့ မျက်စိရှေ့မှာမဟုတ်တာလုပ်တာကိုကြည့်နေရတဲ့ခါပဲ။ အဲ့ချိန်ဆိုရင်တော့ ရင်ထဲတလိမ့်လိမ့်နဲ့။ 🌊Mercury Aqa တို့ကလေ ထိကပါရိကပါးထေ့ပြီးပြောတဲ့ဟာသမျိုးတွေဆိုလည်း သူတို့ကြိုက်ကြတယ်။ သူတို့အမြင်မှာဒါကတမျိုးလေးဆန်းတယ်လို့ ယူဆတာကြောင့်ကြိုက်ကြတာ တခြားတော့မပါပါဘူး။ 🌊အဓိပ္ပာယ်မရှိဘူးထင်ရင်ဘယ်လောက်ပေးပေး ဘယ်လောက်ခိုင်းခိုင်း နိုးပဲ လုံးဝကိုမလုပ်တတ်တဲ့သူတွေ။ ဒါမယ့်လေငယ်တဲ့အရွယ်မှာဆိုရင်တော့ သူတို့ပုံစံကိုသိပ်လက်မခံနိုင်သေးတာကြောင့် ရှက်သလိုလိုကြောက်သလိုလိုမျိုးတွေတော့ဖြစ်တာများတယ်။ အဲ့တာကြောင့်ပဲတစ်ယောက်တည်း ဘယ်သူနဲ့မှလည်းဘာမှမပြောပဲသူတို့ပါသူတို့နေကြတာ။ သူများတွေကတော့ချေတယ်ထင်မှာပေါ့ တကယ်တမ်းသူတို့မှာကသူတို့ကိစ္စနဲ့သူတို့။ သူတို့သိချင်တာဆိုရင်တော့မေးတတ်ကြတာပေါ့။ အဲ့လိုချိန်ဆိုဘေးကလူကြီးတွေကအရေးပါပြန်ရော။ Mercury Aqa တို့ကလေ close friend ထားရင်တောင်သူတို့လိုပဲ ကိုယ်ပိုင်အတွေးအမြင်ရှိတဲ့သူမျိုးကိုပဲထားကြတာ ဘာလို့ဆိုသူတို့ပုံစံကိုသူတို့အကြိုက်ဆုံးဖြစ်တာရယ် သူတို့လိုလူမျိုးမဟုတ်ရင်သူတို့နဲ့အဆင်မပြေနိုင်တာရယ်ကြောင့်ပါပဲ😁

✨ Life Purpose - ကိုယ့်ရဲ့အတိတ်ဘဝမှာကိုယ် အပျော်အပါးတွေပဲလုပ်ခဲ့ပါတယ် … Romanceရယ် ကလေးလေးတွေရယ် အားကစား စတဲ့အရာတွေအပေါ်ပဲ အာရုံစိုက်ခဲ့ပါတယ် .. ဒီဘဝမှာတော့ကိုယ်ဟာ သုသေတနတွေ network circle တွေပြုလုပ်ပြီး အဲ့ကနေတဆင့် အကျိုးအမြတ်ရဖို့ အာရုံစိုက်ရမှာက ကိုယ့် life purpose ဖြစ်ပါလိမ့်မယ် .. ကိုယ့်ရဲ့အိပ်မက်တွေ မျှော်လင့်ချက်တွေကို ဖြည့်ဆည်းဖို့ ဒီရောက်လာခဲ့ခြင်းပါ .. ကိုယ်ကဒီဘဝမှာ ဘာကိုမှစိုးရိမ်ပူပန်စရာမလိုပဲ ကိုယ်ပိုင်စည်းမျဉ်းတွေနဲ့ ပျော်ရွှင်စွာနေနိုင်တဲ့သူတစ်ဦးပါ ..