Cancer

Cancer

June 21 - July 22
Nautre - Water 🌊
LoyalEmotionalIntuitiveMoodyProtective

🦀ဘာတွေဖြစ်လာနိုင်တယ်ဆိုတာကို ကြိုကြိုပြီးတွေးနိုင်ကျတဲ့ Mercury Cancer လေးတွေ တစ်ခုခုဆိုရင်ချက်ကျလက်ကျမဟုတ်လည်း သူတို့အတွေးတွေနဲ့ ဖြစ်လာနိုင်တာတွေကို ကြိုမြင်ထားနှင့်တတ်ကြတာပါ။ ဘာတွေတွေးနေလဲဆိုတာကိုထုတ်ပြတာရှားပီး လူတွေကိုလည်းသူတို့သိစေချင်တာလောက်လေးပိစိလောက်ပဲ ပြကြတာများပါတယ်။ သူတို့အတွင်းမှာဘာဖြစ်နေလည်း နည်းနည်းတော့မှန်းရခက်တာပေါ့။ သူတို့ကိုယ်တိုင်လည်းသူတို့စိတ်ကဘယ်လိုစိတ်လဲ ဆိုတာကိုကောင်းကောင်းမသိကြပါဘူး။ သူတို့ကိုယ်တိုင်တောင်နားမလည်မှတော့ ဘေးလူတွေဆိုဘယ်ပြောကောင်းတော့မလဲ။ 🦀သူတို့ကိုယ်တိုင်တောင်မသိလိုက်ခင်လေးမှာ သူတို့ရဲ့အတွေးတွေက အလုပ်လုပ်ပြီးနှင့်ကြပြီ။ တစ်ခုခုကိုနားလည်အောင်သိအောင်လုပ်တဲ့ခါမှာလည်း သူတို့တွက်ကသိပ်တော့မလွယ်ကျပါဘူး။ အချိန်ယူရတယ်ပြီးရင်အသေးစိတ်အဆုံးထိ နားလည်အောင်လုပ်ရတယ်ဒါမယ့်တစ်ခေါက်နားလည်သွားရငါ တစ်သက်စာမှတ်မိနေရော။ အမှတ်သင်ညာတော့ကောင်းတဲ့ သူတွေထဲပါကြပါတယ်။ တော်ရုံဖြစ်ပြီးတဲ့ကိစ္စတွေအကုန်နီးနီး မှတ်မိနေတတ်တယ်။မေ့လို့မရတာလည်းပါတာပေါ့လေ။ 🦀ဘာပဲလုပ်လုပ်ဆုံးဖြတ်တော့မယ်ဆိုရင် ဦးနှောက်ထက်ရင်ဖက်ကပြောတာကိုပဲ လက်ခံကြတာများပါတယ်။ သူတို့အတွေးတွေကိုအဲ့လောက်ယုံစားတဲ့ထဲ မပါကြဘူးလေ။ ဘာလို့ဘာကြောင့်ဘယ်လောက်ကောင်းလို့ဆိုတာတွေထက် သူတို့ရင်ထဲစွဲအောင်လုပ်နိုင်တဲ့အရာတွေကိုပဲပိုစိတ်ဝင်စားကြတာ။ ကောင်းတာတွေမကောင်းတာတွေက ခဏလေးဘေးထား။ 🦀မှတ်မိတာတွေကများတော့ သူတို့ကိုဘယ်လိုခံစားရအောင်ဘယ်သူကဘယ်တုန်းကလုပ်ခဲ့တာ ဆိုတာကိုတောင်မမေ့ကျဘူးရယ်။ ကောင်းတာရောဆိုးတာရောအကုန်ခေါင်းထဲကမှတ်မိနေကြတာ။ ဒီလိုကြောင့်ပဲငယ်တုန်းမှာဆို ခံစားရတဲ့ကိစ္စတွေကိုမရင်ဆိုင်နိုင်တာများပြီး trauma တွေဝင်သွားတတ်ကြတာကများတယ်။ သူတို့အတွက်လုံခြုံတဲ့နေရာလေးတစ်ခုတော့ ရှိရင်ပိုကောင်းတယ် သူတို့လည်းဒီလိုနေရာလေးတစ်ခုတော့ ထားထားတတ်ကြပါတယ်။ အရမ်းတွေကိုအဆင်မပြေစရာကိစ္စတွေများတဲ့ခါ တစ်ယောက်တည်းအေးဆေးလေးနေဖို့ပေါ့။ 🦀ပတ်ဝန်းကျင်ကနေပြုမူလာတဲ့အရာတွေ ဆိုလည်းအရမ်းကိုအသိမြန်တာ။ ဘာတွေဖြစ်နေလဲအကဲခတ်တဲ့နေရာမှာလည်း ပါရမီကပါသေးတယ်။ လူတစ်ယောက်ကိုကြည့်လိုက်တာနဲ့ သူကဘယ်လိုဖြစ်နေလဲတွေးတတ်တယ်။ ပြောဟန်ဆိုဟန်မျက်နှာအမူအရာ လေယူလေသိမ်းလက်ဟန်ခြေဟန်တွေကနေဘာဖြစ်နေလဲအဖြေရှာတာသူတို့တွက်ကအလွယ်လေး။ ဒါမယ့်လည်းမသိမသာလေးပဲ နေတာကများပါတယ်။ သူတို့ရှေ့မှာဘယ်လောက်ပဲဖုံးထားထား စိတ်ထဲဘယ်လိုရှိနေလဲဘာတွေဖြစ်နေလဲဆိုတာ အကုန်ကိုပေါ်မှာ။ တစ်ဖက်သူရဲ့အတွင်းထဲကို အရမ်းမြင်တတ်တာ။ 🦀သူတို့မသိချင်တောင်သူတို့ခေါင်းထဲမှာက တွေးမိနှင့်ပြီးသားတွေဖြစ်တော့ အမြဲတမ်းနီးနီးကျသူတို့တွက်လည်းအဆင်မပြေဘူးလေ။ Boundary ကောင်းကောင်းမထားနိုင်ဘူးဆိုရင် သူတို့ကိုယ်တိုင်ပါလိုက်ရောပါကုန်ရော။ ဒီလိုဖြစ်တတ်တဲ့ Mercury Cancer လေးတွေကလေ တွေးမိတာတွေကိုချချရေးပေးတာမျိုး ဒါမှမဟုတ်အယုံကြည်ရဆုံးရင်ဖွင့်လို့ရမယ့်သူတစ်ယောက်ကိုပဲ ဖြစ်ဖြစ်ထုတ်ပြောပြီးရှင်းပစ်လိုက်သင့်တယ်။ 🦀အဆင်မပြေပါလားစိတ်ညစ်လိုက်တာလွမ်းလိုက်တာ ဆိုတဲ့မကောင်းတဲ့ခံစားချက်တွေကိုလေ လိုက်လိုက်မတွေးမိအောင်နေရတာကလည်း သူတို့ရဲ့အခက်ဆုံးအလုပ်တစ်လုပ်။ အတွေးလွန်တာပေါ့လေ ဘာမှမဖြစ်တောင်ပေါက်ကရတွေလျှောက်တွေးမိတာက ပြဿနာဒါကိုထိန်းလို့ကလည်းမရ။ အဲ့လိုတွေဖြစ်ပြီးရင် passive aggressive တွေဖြစ် စကားတွေမပြောတော့ပဲ အသံတိတ်ဆန္ဒတွေထုတ်ဖော်မိပြန်ရော။ တစ်ဖက်သူကတော့ဘာရယ်မဟုတ်ပြောလိုက်တာပဲ သူ့မှာတော့အကြီးကျယ်တွေကိုဖြစ်လို့ အဲ့ကျတစ်ဖက်သူမှာဘာများမှားပြောလိုက်မိလို့လဲ ဆိုပြီးခေါင်းရှုပ်သွားကြမှာ။ 🦀အတွေးတွေကလည်းကယောက်ကယက်ကဖြစ်နေတတ်တော့ တွေးထားတာနဲ့ပြောနေတာနဲ့က အမြီးအမောက်မတည့်တာတွေလည်းဖြစ်တာများပြီး တစ်ခုခုခိုင်ခိုင်မာမာပြောရတော့မယ်ဆိုရင် တွန့်ဆုတ်နေပြီးပြောမထွက်တော့ဘူး။ သိုသိုဝှက်ဝှက်လုပ်တာကများတော့ သူတို့ဘာလိုချင်ဘာဖြစ်ချင်တာလဲ ပြောပြတဲ့နေရာမှခရီးကမပေါက်ကြတာများတယ်။ ပြောဆိုတဲ့နေရမှာသဘောကောင်းတယ် နူးနူးညံ့ညံ့ပြောတယ် အေးအေးဆေးဆေးပဲဆက်ဆံချင်တယ်။ ငြင်းရတာတွေပြိုင်ပြောရတာတွေဆို စိတ်ကမတွေ့ဘူး။ Mercury Cancer တွေကလေ Victim mindset ရှိကြတာများတယ်။ တစ်ခုခုဆိုသူတို့ပဲခံဖက်ကကြီးပါလား ဆိုတဲ့အတွေးမျိုးပေါ့။ အားလုံးကသူတို့ပေါ်ဆိုမကောင်းချင်ပါဘူးလေဆိုပြီးတွေးဖြစ်ကြတာ။ တကယ်လည်းဟုတ်ချင်မှဟုတ်တာ သူတို့ကိုကလျှောက်တွေးတာကများတယ်။ ပြောရရင်ပန်းနုသွေးနည်းနည်းဆန်တယ်ပေါ့နော်။ 🦀အတွေးလွန်တဲ့နေရာမှာဆိုလည်းနှစ်ယောက်မရှိ ပေါက်ကရတွေတွေးပီးရင် စိတ်ကအောက်ပြုတ်ကျပီပြန်ကောက်ဖို့မနည်းရှာရပြန်။ သူတို့မှတ်ဉာဏ်ကောင်းတာကကျတစ်မျိုးနော် အတိတ်ကစာတွေအကုန်မှတ်မိတာ။ မကောင်းတာတွေဆိုပိုပြီးအရိုးစွဲပဲ။ ဘာမှပြန်လုပ်လို့မရတော့တဲ့ဟာတွေကိုပြန်ပြန်တွေးပြီး သူတို့ကိုယ်သူတို့ပြန်ပြန်နှိပ်စက်တဲ့နေရာမှာတော့ ဆရာကြီးတွေပါ။ ပြောရရင်သက်သက်ဒုက္ခရှာနေသူကြီးများပါပေါ့လေ။ 🦀တစ်ယောက်ယောက်နဲ့ခံစားတွေအကြောင်း လွယ်လွယ်နဲ့ပြောတတ်ကြပြီး အစလေးတော့ပြောလို့ရမရစမ်းကြည့်တယ် အိုကေပြီစိတ်ချလောက်တယ်ထင်ရင်ပြောတော့တာပဲ။ သူတို့ခေါင်းထဲမှာသူတို့ရဲ့ မိသားစုအသိုင်းဝိုင်းသူတို့ချစ်တဲ့သူတွေအကြောင်း တန်းစီပြီးထည့်ထားပြီးသား။ ဘယ်လောက်ချစ်ပါတယ်ဘယ်လိုဂရုစိုက်ချင်ပါတယ် ထုတ်သာမပြောမှာခေါင်းထဲမှာတော့အမြဲတမ်းရှိတယ်။ ဒါလေးကတော့ချစ်စရာအချက်လေးပါ။ တစ်ဖက်သူအဆင်ပြေအောင်လို့ ဘယ်လိုပြောပေးရမလဲ ဘယ်လိုနှစ်သိမ့်ပေးရမလဲ သူတို့သိတယ်။ ဒီလိုအခြေနေမျိုးကျအတွေးထဲမှာ ဘယ်လိုပြောရမယ်ဆိုတာတန်းစီနေပြီး ထုတ်ပြောတဲ့နေရာမှာလည်းအပြောချောနေရော။ သူတို့ကိစ္စထက်သူများကိစ္စတွေကို ခေါင်းထဲအထည့်များတတ်ကြတာမို့ နည်းနည်းတော့သတိလေးထားစေချင်တယ်။ ကိုယ်တိုင်အတွက်မေ့နေတတ်သူတွေထဲ သူတို့လည်းပါတယ်လေ။

✨ Life Purpose - ကိုယ့်ရဲ့အတိတ်ဘဝမှာ ကိုယ့်ရဲ့ ဂုဏ်သတင်း ရုပ်သွင်ပြင် အလုပ်အကိုင် နဲ့ ဦးဆောင်မှုအပိုင်းကို အရမ်းအာရုံစိုက်ခဲ့ပါတယ် .. အဲ့အတွက် ကိုယ့်အမေ ကိုယ့်မိသားစု ကိုယ့်မွေးရပ်မြေကို ဂရုစိုက်ဖို့မေ့နေခဲ့ပါတယ် .. သူတို့အတွက် စိတ်ခံစားမှုတွေ မပေးနိုင်ခဲ့ပါဘူး .. ဒီဘဝမှာ Ascendant Cancer တွေက ကိုယ့်မိသားစုနဲ့ကိုယ်နေဖို့အတွက်ရယ် ကိုယ်ချစ်ရတဲ့လူတွေအတွက် အလုပ်လုပ်ဖို့က ကိုယ့်အတွက် Life Purpose တခုဖြစ်နေပါလိမ့်မယ် ..