Capricorn

Capricorn

December 22 - January 19
Nautre - Earth 🌏
AmbitiousDisciplinedPrudentPessimisticDetermined

🐐ယုတ္တိမရှိတဲ့အတွေးတွေဟာသူ့ခေါင်းထဲဝင်မဆန့်တတ်ဘူး။ လက်တွေ့ဆန်ဆန်ပဲတွေးတတ်မြင်တတ်တာကြောင့် မရေရာတဲ့ကိစ္စတွေဆိုခေါင်းရှုပ်မခံချင်တာပါ။ အကြောင်းအရာတစ်ခုကိုလက်တွေ့ဆန်ဆန်ပဲ သုံးသပ်တယ်မြင်တတ်တယ် ပြီးရင်အကောင်းဆုံးဖြစ်အောင်ဘယ်လိုလုပ်ရမလဲ ကိုပဲတွေးတတ်ကြတဲ့သူတွေ။ ဖြစ်လာနိုင်တဲ့လက်တွေ့ကျကျအဖြေတွေကိုပဲ အာရုံထားတယ်ကျန်တာတွေသိပ်မဝင်စားဘူး။ 🐐သူတို့ကသတိလည်းကြီးကြပြီး သူတို့ပြောမယ့်စကားတွေပေါ်မှာလည်း ဘာပြောမှာလဲပြောသင့်မသင့်ဆိုတာကို ချင့်ချိန်ပြီးမှဒါမှမဟုတ်အပိုတွေမပါသွားအောင်လို့ စဥ်းစားပြီးမှပဲပြောတတ်ကြတာ။ တွေးလိုက်ပြောလိုက်နဲ့သတိထားပြီးပြောတတ်တဲ့အကျင့်ကြောင့် စကားပြောနှေးတတ်ကြတယ်။ ဖြည်းဖြည်းချင်းပြောတယ် အေးအေးဆေးဆေးပဲ ပြောချင်တဲ့ရည်ရွယ်ချက်ရောက်အောင် တစ်ဆင့်ချင်းဆွဲခေါ်ပြီးပြောတတ်တာသူတို့ပါ။ စကားပြောနှပ်တယ်ပဲပြောရမလား။ စကားလုံးကြမ်းကြမ်းတွေတော့မကြိုက်ကြဘူး သူတို့ကိုယ်တိုင်လည်းပြောတာမျိုးရှောင်တတ်ကြတယ်။ 🐐Mercury Cap တွေက စကားနည်းတဲ့ထဲလည်းပါပြီး introvert ဆန်ဆန်လေးနေကြတာကများတယ်။ အရယ်အပြုံးလည်းသိပ်မလုပ်တတ်တဲ့သူတွေပေါ့။ ဒါမယ့်အဲ့လိုမျိုးတော်ရုံဆိုမရယ်မပြုံးဖြစ်နေတဲ့ပုံစံကိုက သူတို့ရဲ့ဆွဲဆောင်မှုတစ်ခုဖြစ်နေပြန်ရော။ 🐐သူတို့ကလေ ဘာပဲတွေးတွေးလွတ်ထွက်မသွားအောင် ထိန်းတတ်ကြတယ်။ အတွေးထဲလွင့်သွားတယ်ဆိုတာခက်ရှားရှား။ ဘယ်လိုတော့ဖြစ်သင့်တယ် ဘာတော့လုပ်ရမယ်ဆိုတာသူတို့သိတာများတယ်။ လုပ်ရင်အဆင်ပြေပါ့မလား တကယ်ရောလုပ်ချင်တာဟုတ်ရဲ့လားဆိုတဲ့ ဝေဝါးမှုတွေသူတို့မှာမရှိဘူး။ ဖြစ်လည်းမဖြစ်ဘူး။ သူတို့ဘယ်လိုတွေးတယ်ဘယ်လိုလုပ်တယ် ဆိုတာကိုလည်းလိုက်ပြီးမပြောဘူး သူတို့ပါသူတို့လေးပဲနေတယ်။ အကြံတွေလိုက်ပေးဒီလိုတော့လုပ်သင့်တယ် ဒါလေးတော့ကောင်းတယ်ဆိုပြီး တစ်ဖက်သူလိုချင်မှန်းမသိမလိုချင်မှန်းမသိ သူတို့ရှောင်တယ်။ သူတို့စီကအကြံကိုလိုလိုလားလားလာတောင်းရင်တော့ သေချာလေးပြောပြပေးကြပါတယ်။ ပေးလိုက်တဲ့အကြံကလက်တွေ့အသုံးကျမယ့် ဟာမျိုးဖြစ်ဖို့အရမ်းတော့သတိထားကြတယ်။ မလိုချင်မပေးပါဘူးအနေသာကြီးပါဆိုတာသူတို့ပါပဲ။ 🐐စိတ်ဓာတ်ကပြတ်သားပြီးသူတို့လိုချင်တာတွေ ပြည့်ဖို့တွက်ဆိုလုံးဝကိုလုပ်မယ်ဆိုတဲ့စိတ်မျိုး။ စည်းကမ်းလည်းရှိပြီး သူတို့ကိုယ်သူတို့သတ်မှတ်ချက်တွေထားထားတတ်တယ်။ ငယ်တုန်းတော့သိပ်မထားဖြစ်သေးပေမယ့် အသက်ကြီးလာလေလေဘာတော့လုပ်မယ်ဘာတော့မလုပ်ဘူးဆိုတာကို သူတို့ပါသူတို့သတ်မှတ်ထားလေ့ရှိကြတာ။ မလိုက်နာဘူးတော့မထင်လိုက်နဲ့ လိုက်နာတဲ့နေရာမှာတော့နှစ်ယောက်မရှိ။ 🐐မဟုတ်တာတွေနဲ့အချိန်မကုန်ချင်ဘူးဆိုတဲ့ အတွေးကြောင့်ပဲဒါတွေလုပ်ဖြစ်တာပါ။ အလဟကအချိန်ကုန်စေမှာမျိုးတွေသိပ်မလုပ်ချင်ဘူး။ ဆော့တာတွေအတင်းပြောတာတွေ ပေါက်ကရထိုင်လုပ်နေတာတွေမကြိုက်။ ရှိတဲ့ချိန်လေးတစ်ခုခုတော့ပြီးအောင်လုပ်ချင်တယ် မဟုတ်တောင်အကျိုးရှိတာလေးဖြစ်နေစေချင်တယ်။ သူတို့အတွေးထဲအချိန်ဖြုန်းရုံသက်သက်လို့ ထင်တဲ့အရာတွေဆိုဝေးဝေးကရှောင်ပြီးပဲ။ 🐐သင်လွယ်တယ်တတ်လွယ်တယ် ပြီးရင်မေ့လည်းမမေ့ဘူး မှတ်အားလည်းကောင်းကြတယ်။ လေ့လာသမျှကိုသေချာလေးမှတ်ထားတတ်ပြီး တခါတလေကျတော့လည်းအရမ်းကို serious ဆန်ဆန်ကိုလျှောက်မှတ်ပစ်တာ။ Lecture ချိန်တွေဆိုရှေ့ကပြောတာတွေအကုန်နီးနီးတလုံးမကျန်ကို လိုက်ချရေးပြီးကိုမှတ်ပစ်တာ။ အဲ့လိုရေးထားသမျှကိုခေါင်းထဲလည်းရေးနေတုန်းတဝက်ထည့် နောက်မှထပ်ထည့်အဲ့လိုအကျင့်ရှိတယ်။ သေးသေးမွှားမွှားလေးကအစ မျှားတွေထိုး colour pen တွေမျိုးစုံနဲ့ highlight တွေပါတားပြီးရှယ်ကိုမှတ်ပစ်တာ။ 🐐ငယ်လေးကတည်းကသူများတွေထက်ဉာဏ်ပိုကောင်းတတ်တဲ့သူတို့က ပြိုင်ပွဲတွေပြိုင်တာမျိုးဆို ဆုတွေရကြတဲ့သူတွေပါ။ Fiction တွေမကြိုက်ပဲ ဖြစ်ရပ်မှန်တွေကိုပဲပိုစိတ်ဝင်စားတတ်ကြတာကြောင့် စိတ်ကူးယဥ်ဇာတ်ကောင်တွေက သူတို့တွက်ဘာမှမထူးလှပါဘူး။ စကားပြောကနည်းတာကြောင့်ငယ်တဲ့ချိန်မှာ ပိုသိသာတယ်စကားပြောနှေးတာမျိုး စကားပြောနည်းပြီးငြိမ်နေတာများပြီး အချိန်လေးကြာလာမှအရွယ်လေးရောက်လာမှပြောပြောလာကြတာ။ ရှက်ကလည်းရှက်တတ်သေးတာနော်သူတို့က။ (ငယ်တုန်းချိန်ဆိုပြောပါတယ်) 🐐Earth sign ပီပီပဲမို့ အားလုံးအဆင်ပြေချင်တယ် အမှားကင်းစင်ပြုံးပျော်ရွှင်သူလေးတွေပေါ့😁မှားတာလောက်သူတို့မုန်းတာမရှိဘူး သူတို့ကိုယ်တိုင်လည်းမမှားချင်ဘူး။ အဲ့တာကြောင့်လည်းဘာပဲလုပ်လုပ် double check ကတော့အနည်းဆုံးလုပ်ကြတာကြိးပဲ။ စာရေးထားတာမျိုးဆိုလည်းအသုံးအနှုန်းတွေကမှန်ရဲ့လား ပြောချင်တာကိုတိုက်ရိုက်ထိမိပါ့မလား အမြဲတမ်းပြန်ပြန်ကြည့်တယ်။ ဂဏန်းလေးတွေပိုနေလားလိုသွားလား ပြန်မစစ်ဘူးဆိုတာခက်ရှားရှား။ 🐐Theoretically အရမ်းသွားတတ်ပြီး ဒီလိုလုပ်ရင်ဒါမျိုးဖြစ်မယ်ဆိုရင် သေချာပေါက်ဖြစ်မှကိုကျေနပ်ကြတာ။ အလုပ်လုပ်တဲ့နေရာမှာ high standard ရှိတယ်လို့ပဲပြောရမလား။ တာဝန်ယူရတဲ့အပိုင်းမှာဆိုလည်း လုံးဝကိုသေချာပေါက်တာဝန်ကျေအောင်လုပ်တတ်တဲ့သူတွေ နည်းနည်းလေးမှလစ်ဟင်းတာမျိုးမဖြစ်စေရဘူး။ အလုပ်လုပ်နေရမှကျေနပ်တာ ဘာမှမလုပ်ရရင်ကိုမနေနိုင်မထိုင်နိုင်တွေကိုဖြစ်လို့။ 🐐Mercury Cappy တို့ကလေအသက်ကြီးတဲ့သူတွေ တည်ငြိမ်နဲ့သူတွေနဲ့စကားပြောရတာပိုအဆင်ပြေတတ်တော့ ခင်လိုက်ပြီသိလိုက်ပြီဆိုရင်လည်း ဆရာတွေဆရာမတွေ သူဌေးတွေ အထက်လူကြီးတွေနဲ့ပိုပြီးနီးစပ်တတ်တယ်။ သူတို့စီကနေအကူအညီတွေလည်းရကြသေးတာ။ 🐐သတိထားရမယ့်အချက်က အရင်ကမှားခဲ့ဖူးတဲ့အရာတွေကိုကိုင်ဆွဲထားပြီး ကိုယ့်ကိုယ်ကိုယ်ဒုက္ခတွေပြန်မပေးမိစေဖို့ပဲ။ စိတ်ကအရမ်းအတွေးလွန်ပြီးတော့ဒါတွေပေါ်ပဲ စိတ်ကရောက်နေရင်မကောင်းတာတွေပဲတွေးရင်း အတိတ်ကအရာတွေစီမှာပိတ်မိသွားကျပြန်ရော။ အဲ့ကျစိတ်ဓာတ်ကျတာတွေ မျှော်လင့်ချက်မဲ့သွားသလိုတွေဖြစ်သွားတတ်ကြတာ။ ဒါမယ့်သတိထားလိုက်ရင်တော့ရပါတယ် အရမ်းကြီး serious ဖြစ်ရမယ့်ကိစ္စတော့လည်းမဟုတ်ပါဘူး။ 🐐Ethic ရှိတယ်တည်ငြိမ်တာများတယ် တစ်ခုကိုလုပ်နေရင်းနဲ့ကိုဒီတစ်ခုပြီးသွားရင် ဘာဆက်လုပ်ရမယ်ဆိုတာကိုကြိုပြီးအစီအစဥ်တွေဆွဲထားတတ်တယ်။ အတွေးတွေကိုရှိရင်းစွဲပိတ်ထားတတ်တာကြောင့် သူများတွေရဲ့အမြင်တွေအတွေးတွေ စိတ်ကူးတွေအတွက်လည်းနားလည်ဖို့ ကြိုးစားစေချင်တယ်။ မဟုတ်ရင်ကြာလာလေလေပျင်းစရာကောင်းတဲ့သူကြီးဖြစ်လာကြမှာ။ အများစုကတော့အရမ်းကိုစည်းကမ်းကြီးလွန်းလို့ အမြင်ကတ်ကြမှာမှန်ပေမယ့် Mercury Cappy တို့အတွေးထဲမှာတော့ ဒီလိုစည်းကမ်းနဲ့နေတာက အဆင်ပြေဆုံးပဲဆိုတဲ့အတွေးကတော့ပြောင်းမှာမဟုတ်ပါဘူး။

✨ Life Purpose - အတိတ်ဘဝမှာကိုယ်က စိတ်ခံစားလွယ်တဲ့သူတစ်ယောက်ဖြစ်ခဲ့ပြီး မိသားစုအပေါ်ပဲ စိတ်နှစ်ခဲ့ပါတယ် … ကိုယ့်ရဲ့ ဂုဏ်သိက္ခာ ရည်မှန်းချက်ပန်းတိုင်တွေအပေါ်အာရုံမစိုက်ခဲ့ပါဘူး .. ဒီဘဝမှာကတော့ ကိုယ်ကကိုယ့်ရဲ့ အိပ်မက်တွေနောက်လိုက်ဖို့ မွေးဖွားခဲ့ပါတယ် .. ကိုယ့်ကိုယ်ကိုယ် ယုံကြည်ဖို့တော့လိုပါတယ် .. ကိုယ့်ရဲ့ karmaကတော့ အကြောင်းမရှိရင်ဖြစ်လာမှာမဟုတ်ပါဘူး .. ဘာပဲလုပ်လုပ် ခိုင်လုံတဲ့အကြောင်းရှ်ိမှလုပ်ဖို့လိုပါတယ် ..