Gemini

Gemini

May 21 - June 20
Nautre - Air 💨
AdaptableCuriousIntellectualInconsistentSocial

👭 Mercury Gemini = အရူးလွယ်အိတ် အရူးလွယ်အိတ် = Mercury Gemini တွေ့ကရာမြင်ကရာကိုခေါင်းထဲ ရော့ရော့ဆိုပြီးပစ်ထည့်ထားတတ်ပြီး ဘယ်တော့ရပ်တန့်မသွားပဲအမြဲတမ်းလိုလိုကို သိချင်စိတ်ထိန်းမရတတ်တာသူတို့ပါပဲ။ တွေးတာလည်းမြန်သလို လုပ်တာလည်းမြန်ပါတယ်။ ခက်သွက်သွက်ပဲကြိုက်ပြီး ငှက်မွှေးလိုပဲသူတို့ကြည့်လိုက်ရင် လေယူရာကိုလွင့်ပါနေကြတာ။ အတွေးတွေအကြံတွေဆိုတာလည်း ထိုင်နေရင်းနဲ့တောင်ပြည့်နေတတ်တဲ့သူတွေ။ အကုန်သိချင်တယ် ဖြစ်နိုင်ရင်တစ်လေယကလုံးအကြောင်းကိုတောင် သိချင်ကြသေးတဲ့သူတွေပါ။ 👭မယုံမရှိလိုက်ပါနဲ့ ဘယ်လိုပဲသိရသိရသိရဖို့တွက်ကသူတို့ရဲ့ first priority ပဲ။ စိတ်ကမြန်လည်းမြန်သလို သွက်ကလည်းသွက်တော့ ဉာဏ်ကောင်းကြတယ်နော်အထင်တော့သွားမသေးစေချင်။ စကားပြောရတာကတော့သူတို့တွက် အကြိုက်ဆုံးအရာပါပဲ။ ပြောမကုန်ဆိုမကုန်ပါ။ ပြောရင်လည်းမြန်တယ်လုပ်ရင်လည်းမြန်လွန်းလို့ အဖွဲ့လိုက်တွေလုပ်ပြီဆိုရင် စောင့်ရတာကိုသူတို့စိတ်ညစ်ဆုံးပဲ။ စောင့်ရတဲ့အလုပ်လောက်သူတို့ကို ပင်ပန်းစေတာမရှိဘူး။ 👭စပ်စပ်စုစုကလေးတွေလိုပဲဘာတွေဖြစ်နေလဲ ဆိုတာကိုမသိရမနေနိုင်ကြဘူး။ တစ်နေရာရောက်သွားရင် ဘယ်သူမှမသိသေးဘူးသူတို့က နှစ်ပတ်သုံးပတ်လောက်ပတ်ပြီးသွားလို့ ဘယ်နားဘာရှိတယ်ဆိုတာကိုတောင်ကြည့်ပြီးနှင့်ပြီ။ ပီးကျသူတို့ထက်ကြည့်စရာမရှိတော့ စပျင်းလာကြရော။ ဘယ်မှာပဲဖြစ်ဖြစ်အမြဲလိုလို ထူးထူးဆန်းဆန်းလေးဖြစ်နေမှ သူတို့အတွက်အဆင်ပြေတာအဟုတ်ရင် နည်းနည်းကြာလာရင်စိတ်မပါကြတော့ဘူး။ 👭ဘယ်သူနဲ့မဆိုပြောရဲတယ်ဆိုရဲတယ် သူစိမ်းဆိုပြီးရှိန်နေတာတွေလည်းမရှိဘူး လွယ်လွယ်နဲ့စကားသွားပြောရဲတယ် မသိရင်ခင်တဲ့သူတွေလိုလိုပဲ။ လူဝင်ဆံ့ပြီးစကားပြောလာရင်လည်း ခင်အောင်လုပ်တာခဏလေးပဲ။ ဆက်ဆံရေးတစ်ခုဖြစ်သွားဖို့သူတို့တွက်ကအသာလေး။ မွေးတည်းကိုက Mercury in Gemini နဲ့ဆိုတော့ အားလုံးနဲ့ပြောဆိုဆက်ဆံဖို့ကံကလည်းပါလာပြီးသား။ အပေါင်းသင်းကများတော့အသိကများ အသိကများတော့အားလုံးကသူ့ကိုသိတယ်။ နည်းနည်း popular ဖြစ်တဲ့ထဲလည်းပါတတ်တာပေါ့။ 👭စကားတွေပြောနေရရင်ကိုသူတို့သိပ်ကိုကြိုက် မပြောပဲနေရရင်သူတို့မှာနေရတာ တစ်ခုခုလိုနေသလိုကိုဖြစ်လို့နေတာ။ လူတွေနဲ့ဆုံမယ်သူတို့ဘာတွေပြောမလဲ နားထောင်မယ်သူလည်းပြန်ပြောမယ်။ တစ်အုပ်စုလုံးကသူ့လာမပြောလည်း သူကတော့တစ်အုပ်စုလုံးကိုလိုက်ပြီးပြောမှာ။ စိတ်ဝင်စားစရာဖြစ်အောင်ပြောတတ်တယ် ဒါမယ့်စကားပြောကလည်းမြန်သေးတာ။ ပြောရင်လည်းအကြောင်းအရာတစ်ခုတည်းကို ဆွဲပြီးပြောနေတာမျိုးမဟုတ်ပဲ တစ်ခုပီးတစ်ခုပြောင်းပြောင်းပီးပြောကြတာ တစ်ခုတည်းကိုပဲစကားတွေရှည်မနေဘူး။ သူတို့ကိုအမှီမလိုက်နိုင်တဲ့သူတွေနဲ့ဆို သိပ်ပြီးကီးမကိုက်ချင်ကြဘူး သူတို့နောက်ကိုမှီအောင်လိုက်နိုင်မှ မဟုတ်လို့ကြာရင်သူတို့ပျင်းလာကြရော။ 👭တွေးမိတာခံစားမိတာတွေဆိုလည်း ဘာဖြစ်နေလည်းထုတ်ပြောပြတတ်တယ်။ လျှို့ဝှက်ချက်တွေဘာတွေသိပ်ပြီး မထားတတ်ပဲပြောချပစ်တတ်တာသူတို့အကျင့်။ အဆိုးဖက်ကိုယိုင်သွားတဲ့ခါကျ အတင်းပတ်ပြောတဲ့သူတွေ ဖြစ်သွားတဲ့သူလေးတွေလည်းဖြစ်သွားတတ်သေးတယ်။ 👭စွယ်စုံလည်းရပြီးဟိုဆိုလည်းသူတို့သိ ဒီဟာဆိုလည်းသူတို့သိ ဦးနှောက်ကအလုပ်လုပ်တာသိပ်မြန်ပြီး သင်လွယ်တတ်လွယ်ကြသေးတာ။ လေ့လာရတာကတော့သူတို့အကြိုက်ဆုံးပါပဲ။ အမြဲလိုလိုအသစ်ဆိုတာကို မသိရရင်သူတို့မှာစားမဝင်အိပ်မပျော်။ Mercury Gemini တွေကကလေးဘဝတည်းကိုက စာအုပ်တွေဖတ်ရတာဆောင်းပါးတွေဖတ်ရတာကို သဘောကျတာများပြီး ငယ်ငယ်လေးတည်းကဗဟုသုတရှိနေတတ်ပါတယ်။ စာရေးရတာမျိုးတို့ သင်္ချာတွက်ရတာ တို့မှကျွမ်းပိစ်တွေဖြစ်တတ်ပြီး တစ်ခုခုရေးရပြီလုပ်ရပြီဆိုလည်း လက်တွေလေပေါဝဲပြီးလုပ်တာမြန်နေရော။ လက်ရေးလည်းမြန်တဲ့ထဲပါပြီးစာရေးရတယလည်း ကြိုက်တတ်ကြသေးတာ။ 👭Mercury Gemini တို့ကတခြားနိုင်ငံရဲ့ယဥ်ကျေးမှုတွေ နေထိုင်ပုံတွေဆိုလည်းသဘောကျတတ်ပြီး foreign languages တွေသင်ရတာလည်း သူတို့တွက်ကအလွယ်လေးပဲ။ စတည်းကဉာဏ်လည်းကောင်းတော့ သူများတွေထက်ပြောတတ်ရေးတတ်ကလွယ်တာ။ နိုင်ငံခြားသားတွေနဲ့ဆိုလည်း သိပ်ပြီးပေါင်းရခက်မနေပဲအလွယ်လေးနဲ့ပဲ သူတို့နဲ့လိုက်ပြီးရောတဲ့နေရာမှာလည်းဆရာတဆူတွေပါ။ 👭ပြောဆိုဆက်ဆံစရာတွေများတဲ့အလုပ်တွေဆို သူတို့နဲ့အံကိုကိုက်နေရော။ Foreign languages တွေသင်ပေးတာတို့ media တွေရုပ်သံတွေ programming လုပ်တာတွေဆိုလည်းအဆင်ပြေကြတာများတယ်။ Blogger တွေလုပ်လည်းအဆင်ပြေနိုင်တဲ့သူတွေပါ။ 👭စည်းကမ်းတွေကိုတော့မကြိုက် ဘာလုပ်ရမယ်ဘာမလုပ်ရဘူး ဆိုတာတွေတွေ့ရင်ကိုအလိုလို_့ကြတာ။ သူတို့စိတ်ကြိုက်လုပ်ချင်တာလုပ်လို့ရမယ် စည်းတွေဘောင်တွေမပါပဲလွတ်လွတ်လပ်လပ်လုပ်လို့ရမယ် နေ့တိုင်းမတူတာတွေပဲလုပ်ရတဲ့နေရာတွေမှာပျော်ကြတာပါ။ အဲ့တော့အရူးလွယ်အိတ်နဲ့တူတဲ့သူလေးတွေအများစုက တစ်နေရာမှာလုံးဝကိုအဆုံးထိချွန်နေတာမျိုးထက် စွယ်စုံသိစွယ်စုံရတာများတယ်။ တစ်ခုခုကိုလည်းဆရာကြီးဖြစ်တဲ့ထိအသေးစိတ်မလိုက်တတ်ဘူး။ တော်တော်လေးသိရရင်သူတို့တွက်က လုံလောက်သွားပြီ။ သိသမျှအားလုံးကိုတော့ချိတ်ပြီး စဥ်းစားတဲ့နေရာမှာတော့နည်းနည်းဆရာကျပါတယ်။ ခုဒီစာကိုဖတ်နေတဲ့သူဘေးမှာရော Mercury Gemini ဖြစ်နေတဲ့ အရူးလွယ်အိတ်တစ်လုံးရှိနေပြီလား...?

✨ Life Purpose - ကိုယ်ကအတိတ်ဘဝမှာ စကော်လာရဖို့ ဆရာဖြစ်ဖို့ ဆွေးနွှေးအကြံပေးတဲ့သူတစ်ယောက်ဖြစ်ဖို့ အရမ်းအာရုံစိုက်ခဲ့တာကြောင့် ငယ်ရွယ်သူတို့ရဲ့ အပျော်တွေပျောက်ခဲ့ရပါတယ် .. အဲ့တာကြောင့် Ascendant Geminiတွေက ဒီဘဝမှာ အကြောင်းအရာတခုခုဆို အမြဲသိလိုကြပါတယ် .. socialကျတဲ့အပြင် ကလေးဆန်တဲ့ သဘာဝကလည်း ကြီးတဲ့ထိပျောက်ကွယ်သွားမှာ မဟုတ်ပါဘူး .. သူတို့ Life Purpose ကတော့ ဘဝကို လွတ်လွတ်လပ်လပ် ပျော်ပျော်ပါးပါးနေထိုင်ဖို့ပါပဲ ..