Libra

Libra

September 23 - October 22
Nautre - Air 💨
DiplomaticHarmoniousIdealisticIndecisiveCharming

⚖️Mercury Libra အများစုကအေးချမ်းတာကိုပဲ လိုချင်ကြတာမို့ သူတို့ကိုကြည့်လိုက်တိုင်းလည်းပြောပုံဆိုပုံတွေက ငြိမ်တယ်အေးတဲ့ထဲမှာပါပါတယ်။ ယဥ်ကျေးပြီးစကားပြောတဲ့ခါမှာ တစ်ဖက်သူပေါ်တန်ဖိုးထားတဲ့ပုံစံနဲ့ပဲပြောကြတာ။ နည်းနည်းလေး flirt တဲ့နေရာမှာဆရာကျတဲ့သူတွေလည်းဖြစ်တော့ အနားမှာနေရရင်ပျော်ဖို့တော့ကောင်းပါတယ်။ သူတို့ကိုယ်တိုင်ကလည်းအနားမှာ လူတွေရှိနေတာမျိုးဆိုသိပ်ကြိုက်။ အပေါင်းအသင်းနည်းနည်း မင်တတ်တယ်လို့ပဲပြောရမလား။ ⚖️တည်တည်ငြိမ်ငြိမ်လေးပဲနေရတာကြိုက်တာမို့ သူတို့ကိုစိတ်ရှုပ်အောင် စိတ်ညစ်အောင်လုပ်တဲ့အရာတွေဆိုသူတို့ကြည့်မရတော့ဘူး။ သူတို့ကိုဒီလိုတွေလာပြောတာမကြိုက်တာကြောင့် သူတို့ကလည်းသူများတွေကို ပြန်ပြောတာမျိုးလည်းနည်းပါတယ်။ အရမ်းသတိထားတယ် တစ်ခုပြောတော့မယ်ဆိုရင်လိမ်လိမ်မာမာပါးပါးနပ်နပ်လေးပဲပြောတာ။ သူတို့ပြောလိုက်တဲ့စကားလုံးတိုင်းက ကြားရတဲ့သူအဆင်မပြေဖြစ်စေတာမျိုးလုံးဝမရှိစေချင်တဲ့သူတွေ။ ညင်ညင်သာသာစကားလုံးတွေပဲသူတို့ရဲ့ နှုတ်ခမ်းကနေထွက်တာများပါတယ်။ သူတို့ကောင်းကောင်းဆက်ဆံသလို သူတို့ပေါ်မှာလည်းကောင်းကောင်းဆက်ဆံခံချင်ကြတယ်။ သူတို့စကားပြောလို့ကောင်းတဲ့သူနဲ့ကျ စကားတွေလွှတ်ကောင်းနေတတ်ရော။ ⚖️သူတို့နဲ့တူတူစကားတွေအများကြီး ပြောနိုင်တယ်သူတို့ပြောတဲ့အကြောင်းအရာတိုင်းကို လိုက်မှီအောင်ပြောတတ်ရင် သူတို့စိတ်ထဲကြိတ်ပြီးအမှတ်တွေပေးတော့တာပဲ🤭တခါတည်းနဲ့တော့ ဘယ်ဟုတ်မလဲမကြာမကြာလည်း စကားပြောဖြစ်ကြတယ်ဆိုရင်သူတို့သဘောကျနေပြီလို့ မှတ်လိုက်လို့ရပြီ။ အပြန်အလှန်ပြောရတာမျိုးမှအားရတာ သူကြီးပဲပြောမနေချင်ကြဘူး။ မထင်ရင်မထင်သလို တော့အကောင်းပြောနေရင်းကနေထငြင်းတာမျိုးလည်း လုပ်တတ်သေးတာ။ ငြင်းချင်လို့မဟုတ်ဘူးနော် တစ်ဖက်သူဘယ်လိုတွေပြောလာမလဲ တမင်သိချင်လို့ကိုငြင်းပြီး သိရအောင်လုပ်တတ်တဲ့အကျင့်ပါ။ ⚖️ဘယ်အခြေအနေမှာပဲဖြစ်ဖြစ် အရှိကိုအရှိတိုင်းဖြစ်နေတာကိုဖြစ်နေတဲ့ အတိုင်းပဲမြင်တယ်ဘယ်သူ့ရဲ့ နှောင်ဖွဲ့မှုတွေအတွေးတွေခံစားချက်တွေ ဘာမှမပါဘူးသူတို့ကိုယ်တိုင်ရဲ့ ခံစားချက်တွေနဲ့တောင်ရောပြီးမြင်လိုက်တာမျိုးမလုပ်ဘူး။ အခြေအနေတိုင်းပေါ်မှာသေချာလေး သုံးသုံးသပ်သပ်ပြီးဖြစ်ရပ်မှန်တိုင်းပဲမြင်တတ်တဲ့သူတွေပေါ့။ ⚖️ညှိရနှိုင်းရတဲ့နေရာမှာဆိုဆရာကြီးတွေ ကိစ္စတစ်ခုကိုဘက်ပေါင်းစုံကနေတွေးတတ်တယ် မြင်တတ်တဲ့ပြင်စကားပြောကလည်းညက်တော့ တစ်ဖက်သူဘာတွေဖြစ်ချင်နေတာလဲ ဘာလိုချင်တာလဲဆိုတာကိုကြိုမြင်ပြီး ပြောနေသလိုကိုဖြစ်တတ်တာ။ မသိရင်သူတို့ကပဲလူတွေစိတ်ကို ဖတ်နိုင်သလိုလိုမျိုးပေါ့တကယ်ကတော့ မဟုတ်ပါဘူးဖြစ်လာနိုင်တာတွေကို ပုံစံပေါင်းစုံတွေးထားနှင့်တတ်တဲ့အကျင့်လေးကြောင့်ပါ။ ဒီလိုလုပ်တတ်တဲ့အကျင့်ကကောင်းပေမယ့်လို့ အမြဲလိုလိုအတွေးတွေအများကြီး ချဲ့တွေးရင်းကနေ side effect အနေနဲ့ ကိုယ်ပိုင်အမြင်ဆုံးဖြတ်ချက်ကဘာလဲ ကိုယ်ကဘာဖြစ်ချင်တာလဲဆိုတာတွေ ဝေဝါးသွားတတ်တာကရှိသေးတယ်။ ⚖️Mercury Libra အများစုကလက်ရေးသပ်ရပ်ကြတဲ့ထဲလည်း ပါပါတယ်စာလုံးလေးတွေဝိုင်းနေအောင် လှလှလေးရေးတတ်တာတော့မဟုတ်ကြပေမယ့် သူတို့လက်ရေးကကြည့်ကောင်းတယ် စနစ်ကြတယ်​ညီညီလေးဖြစ်နေတာ။ ကဗျာတွေစာတွေဆိုလည်း စိတ်ဝင်စားကြသေးတဲ့သူတွေ။ စာရေးတာမျိုးကဗျာလေးတွေဖွဲ့တာမျိုး တော်ကီတွေခြွေတာနဲ့ပဲ သူတို့ကိုလူသိများတာ။ ⚖️သူတို့ကလေမှန်တာကိုပဲလုပ်ချင်တယ် အမှားကြီးကိုသိသိကြီးနဲ့လုပ်နေရတာမျိုး မလိုချင်ဘူးဒါမယ့်လေမှန်တာလုပ်လို့ တခုခုနဲ့ထိပ်တိုက်တွေ့ရမယ်ဆိုရင်တော့ သူတို့အဆင်မပြေကြတော့ဘူး။ ထိပ်တိုက်ပြဿနာတွေတတ်ရတာတွေဆို မဖြစ်ချင်ဘူးဖြစ်လာတော့မယ်ဆိုရင်တောင် သူတို့ကရှောင်ထွက်လိုက်တာကြီးပဲ။ ⚖️ဘာပဲဆုံးဖြတ်ချက်ချချအသေးအဖွဲလေးပဲဖြစ်နေရင်တောင် ဘာကတော့ကောင်းတယ်ဘာကတော့အဆင်မပြေဘူးနဲ့ အရမ်းတွေတွေးလွန်းတာကအချိန်တိုင်းတော့ အဆင်ပြေမနေစေဘူးလေ။ တွေးတာအရမ်းမြန်တယ် မဖြစ်သေးတာကိုလည်းကြိုပြီးတွေးတတ်တာမို့ အာရုံစိုက်နိုင်စွမ်းတွေကတခါတလေကျအဆင်မပြေဖြစ်ပြီး အကုန်ရောကုန်ရော။ ⚖️သူတို့ရှေ့မှာမဟုတ်တာလုပ်နေတာတွေ့တဲ့ခါ မဟုတ်တာလုပ်နေတယ်ဆိုတာကိုသိတဲ့ချိန်ဆို လိုအပ်သူဖက်ကနေပြီးဝင်ကာကွယ်ပေးတတ်တာကတော့ချစ်စရာအကျင့်လေးပေါ့။ သူငယ်ချင်းတွေချစ်ရတဲ့သူတွေမိသားစုတွေကို အရမ်းတန်ဖိုးထားတတ်တယ်။ Partner ဆိုတာမှာကလေချစ်သူထက် လက်တွဲဖော်ပေါ်မှာဆိုပိုပြီးတန်ဖိုးထားတာကပိုပါတယ်။ ချစ်သူဆိုတာကချိန်ခွင်ပေါ်တင်ထားတုန်းလေးပဲ ရှိသေးတာဆိုတော့လေနော်😁 Mercury Libra တွေအများစုက ဒရာမာအရှုပ်တော်ပုံတွေစီကနေတော့ ဝေးဝေးရှောင်လေ့ရှိပါတယ်တဲ့။

✨ Life Purpose - ကိုယ့်မှာချို့တဲ့မှုတွေဖြစ်ပေါ်ရခြင်းက အတိတ်ဘဝမှာကိုယ်ဟာ ကိုယ့်မိသားစု ကိုယ့်ရဲ့လူမှုဆက်ဆံရေးအပေါ် မှာဂရုမစိုက်ခဲ့တဲ့အတွက်ကြောင့်ပါ .. အတိတ်ဘဝမှာ ကိုယ်က တစ်ကိုယ်ကောင်းဆန်ခဲ့ပါလိမ့်မယ် .. နောင်တနဲ့ဘဝကူးပြောင်းခဲ့တဲ့ကိုယ်ဟာ ဒီဘဝမှာတော့ ကိုယ့်ရဲ့ အိမ်ထောင်ဖက် မိသားစုနဲ့ လူမှုဆက်ဆံရေးအပေါ်အာရုံစိုက်နေဖြစ်ပါလိမ့်မယ် .. အဲ့တာကပဲ ကိုယ့်ရဲ့ချို့ယွင်းမှုတွေကို ပြည့်စုံစေမှာပဲဖြစ်ပါတယ် ..