Pisces

Pisces

February 19 - March 20
Nautre - Water 🌊
CompassionateIntuitiveArtisticEscapistSensitive

🐟Mercury Pisces တို့က logic ကျကျနေတဲ့သူတွေမဟုတ်ပါဘူး သူတို့ထားတဲ့ logic ဆိုတာကလည်း သူတို့ရဲ့ပင်ကိုယ်စိတ်ထဲမှာကိုကပါလားနှင့်ပြီးသားဖြစ်တဲ့ ကိုယ်ရည်ကိုယ်သွေးတွေနဲ့တိုင်းတာကြတယ် သူတို့စိတ်ထဲကနေသိနေတဲ့အတိုင်းပဲလုပ်ကြတာများတယ်။ ဘယ်လိုအကြောင်းအရာမျိုးပဲဖြစ်ဖြစ် အတွင်းသိအဆင်းသိတဲ့ထိကိုမှတ်ထားပစ်တတ်ကြတာ။ မသိစိတ်ကတအားကိုအလုပ်လုပ်ကြတဲ့သူတွေဆိုတော့ သူများတွေမသိနားမလည်တာတွေကိုတောင် နားလည်ကြတယ်။ 🐟တခါတလေကျပြန်တော့လက်တွေ့ဆန်ဆန်လုပ်ရတဲ့နေရာတွေကျ အာရုံကသိပ်မရကြတော့ပြန်ဘူး။ ဒီလိုမျိုးအားနည်းတာတော့ရှိကြတော့ အမြင်ရှိတယ်ဘာလုပ်ရင်ပိုကောင်းမလဲဆိုတာကိုသိတယ် မြင်တတ်တယ်ဒါမယ့်လည်း ဘယ်လိုမျိုးလုပ်ရမယ်ဘယ်လိုစည်းချက်ကျကျနဲ့လှုပ်ရှားမလဲ အသေးစိတ်နေရာမှာကျသူတို့သိပ်အလုပ်မဖြစ်ကျတော့ပြန်ဘူး။ အဲ့လိုမျိုးကြောင့်ပဲမလုပ်ဖြစ်တာတွေနဲ့ မလုပ်လိုက်ရတာတွေဆိုတာတောင်လိုပုံလို့။ 🐟လုပ်ပြီဟေ့ဆိုရင်လည်းအစီအစဥ်ကျကျလေး လုပ်ဖို့ဆိုတာသူတို့အတွက်မလွယ်ကူတဲ့ အရာတစ်ခုအချိန်ကိုစီမံတဲ့နေရာမှာဆိုရင်လည်း သိပ်ပြီးကောင်းကောင်းမလုပ်နိုင်ကြတာများတယ်။ လက်တွေ့ဆန်ဆန်နဖူးတွေ့ဒူးတွေ့လုပ်ရချိနိဆို သူတို့အတွက်လွယ်ကူမနေတာကတော့အမြဲပါ။ ဘာကြောင့်ဆိုသူတို့ကအတွေးသမားလေးတွေမို့လေ အတွေးဉာဏ်ရွှင်တဲ့နေရာမှာတော့တော်တဲ့သူတွေပေါ့။ 🐟အဲ့လိုကြောင့်လေပေါမယ်လို့တော့မထင်လိုက်နဲ့ သူတို့ကဆက်ဆံရေးသိပ်မကောင်းတတ်ဘူး။ ဆက်ဆံရေးညံ့လို့မဟုတ်ပဲ သူတို့ကစကားပြောရပြီဆိုရင်ဘာပြောရမလဲမသိဖြစ်သွားတာများတာကြောင့်ရယ် ဘယ်လိုပြောပြရမယ်မသိတာကြောင့်ရယ်ကြောင့် အဲ့လိုဖြစ်ကြတာ။ ငယ်တဲ့အချိန်ဆိုပိုဆိုးတာပေါ့သိပ်မပြောတတ်မဆိုတတ်ကလေးတစ်ယောက်လိုပဲ ကြီးလာရင်တော့သူ့သူဖြည်းဖြည်းချင်းအဆင်ပြေလာပါတယ်။ ငယ်တုန်းကလောက်တော့ပြောရဆိုရတာကမခက်ကြတော့ဘူးပေါ့။ 🐟သူတို့ကလေစိတ်မရှည်ချင်စရာလည်းကောင်းတယ် တစ်ခုခုသူတို့ကိုမေးပြီဆိုလည်း ဖြေချင်သလိုလိုမဖြေချင်သလိုလို အလုပ်ပဲရှုပ်နေသလိုလို ခဏကြာတော့မှဘာဘယ်လိုဆိုပြီး response ပြန်လာကြတာ။ စိတ်မရှည်တဲ့သူတွေနဲ့ဆိုခဏခဏအဆူခံရဖို့များတယ်🤣တကယ်က Mercury Pisces တို့ကပြန်ပြောဖို့ကိုအချိန်ယူတတ်တဲ့ အကျင့်လေးရှိတာကြောင့်ပါ ဘာပဲပြောရပြောရသူတို့မှာစဥ်းစားချိန်လေးယူသေးတယ် ပြီးမှပဲပြောတာဘေးလူတွေဖို့တော့ဘာလဲပေါ့😁စကားပြန်တာနှေးကြတဲ့သူတွေဆိုတော့ သူတို့နဲ့စကားပြောရင်စိတ်ရှည်ရှည်ထားမှတော့ရလိမ့်မယ်။ 🐟အရမ်းခံစားတတ်တယ် အဆုံးထိကိုခံစားပစ်တတ်ကြပေမယ့် ဘာဖြစ်လည်းပြောဆိုသူတို့မပြောပြတတ်ဘူး။ မယုံသူတို့ကိုမေးကြည့်ကြည့် ဘယ်လိုခံစားရလဲဆိုရင် "မသိပါဘူး ဘယ်လိုလေးပါပဲ" ဆိုပြီး မသိဘူး ကအစချီပြီးဖြေတာကများတယ်။ တစ်ဖက်သူတွေရဲ့ခံစားချက်တွေပေါ်မှာလည်း ဂရုအရမ်းစိုက်တတ်ကြတယ်။ စကားပြောရင်သူတို့ကလည်းခံစားချက်ပါမှပြောသလို တစ်ဖက်သူကလည်းဘယ်လိုခံစားချက်မျိုးနဲ့ပြောနေတာလည်း ဆိုတာကိုလိုက်ပြီးခံစားကြည့်တတ်ကြသေးတယ်။ Mercury Pisces တို့က ခဲမှန်ဖူးတဲ့စာသူငယ် လိုပဲကျန်တာတွေသာမေ့သွားမယ် သူတို့ကိုနာကျင်အောင်လုပ်ခဲ့တာတွေဆို သူတို့မမေ့တတ်ကြဘူး။ ဘယ်လောက်ပဲကြာနေနေအဲ့နာကျင်မှုကို သူတို့တွေအမှတ်ရနေဆဲပဲ။ 🐟Mercury Pieces တို့ရဲ့အပြောင်မြောက်ဆုံးလက်ရာကတော့ လှည့်စားခြင်းပါ🤭တည့်ပြောရရင် သူတို့ပေးမသိစေချင်လို့ လိမ်ပြောပြီဆိုရင်ပိရိနေရော တော်ရုံဆိုမသိနိုင်လောက်ဘူး။ အဲ့လိုဆိုတော့ သူတို့ပြောတဲ့စကားတိုင်းကလိမ်နေတာကြီးပဲတော့ မထင်လိုက်ပါနဲ့သူတို့ကအချိန်ပြည့်တော့မလိမ်နေပါဘူး သူတို့လိမ်ဖို့စိတ်ကူးထားပြီဆိုမှပဲ ပိပိရိရိလေးလိမ်ကြတာ။ 🐟ခေါင်းကိုအနားပေးဖို့အလိုဆုံးထဲသူတို့လည်းပါတယ် တွေးလွန်းလို့တော့မဟုတ်ဘူး သူများအပူကိုယ့်အပူလုပ်ယူတတ်လွန်းလို့ သေသေချာချာအနားမယူဘူးဆိုရင်သူတို့တကယ်မလန်းတော့ဘူး။ သူတို့ခံစားရတာကနည်းနည်း သူများတွေအကြောင်းတွေးပူပြီးလောင်တာကများများ။ စိုးရိမ်မှုတွေနဲ့ဖိအားတွေဆိုတာသူတို့နားမှာအမြဲတဝဲဝဲလည်နေတာ။ 🐟အနုအရွလေးတွေစိတ်ဝင်စားတယ် ဘယ်လိုအနုပညာမဆိုသဘောကျကျတယ်။ စာဖတ်ရမျိုးဆိုလည်းကြိုက်တတ်ကြပြီး ကဗျာလိုလိုစာမျိုးလေးတွေဆိုသူတို့ကိုကြိုက်တာပေါ့။ သံဇဥ်တွေနားထောင်ရတာကသူတို့တွက် အနားယူခြင်းတစ်ခုလိုပါပဲ။ တစ်ခုသတိထားစရာကလေ သူတို့ကစိတ်ကူးထဲနေရတာကြိုက်တဲ့သူတွေမလို့ စိတ်တွေအရမ်းနောက်လာတယ် ခေါင်းတွေမူးလာတဲ့ချိန်အပေါင်းအသင်းကလည်းကောင်းကောင်းနဲ့ဆိုရင် alcohol တွေသောက်ဆေးတွေချပြီးစိတ်ထွက်ပေါက်ရှာတဲ့သူဖြစ်သွားတတ်တယ်။ အဲ့လိုချိန်ဆိုသူတို့ကမြောက်နေတာလေသိတယ်မလား အဲ့အရသာကိုစွဲလမ်းသွားကြမှာ။ 🐟အများဆုံးပြောတတ်တဲ့စကားတစ်ခွန်းရှိတယ်။ " ဘဝမှာဘာပဲလုပ်လုပ် အမြဲတမ်းနှစ်ခုကိုပြိုင်ပြိုင်ရွေးနေရတာကြီးပဲ" ဆိုတဲ့စကားပေါ့ တကယ်တမ်းကလေသူတို့ပဲအဟုတ်ဘူး အားလုံးကတူတူပဲဒါမယ့်သူတို့ကအဲ့လိုဘာကြောင့်တွေးလည်းဆိုရင် မပြတ်သားတတ်ကြလို့။ တစ်ခုခုဆိုမပြတ်သားတတ်တဲ့သူတို့ရဲ့စိတ်ကြောင့်အမြဲတမ်း ယှဥ်ရွေးနေရသလိုမျိုးဖြစ်နေတာ။ တစ်ခုကိုရွေးလိုက်လို့တခြားတစ်ခုဆုံးရှုံးသွားမှာမျိုးသူတို့မလိုချင်ဘူးလေ။ အရွေးမှားသွားမှာကိုသိပ်ကြောက်တတ်ကြတာ။ နေ့တိုင်းလိုလိုလည်းသေးသေးမွှားမွှားလေးကအစ အဲ့လိုဖြစ်နေတာကြီးပဲ။ 🐟စိတ်ကူးကောင်းတယ်​အတွေးကောင်းတယ် အတွေးနယ်တွေကိုလွန်အောင်သွားတတ်တာမို့ Higher self တို့ Universe တို့နဲ့ align လုပ်တဲ့နေရာမှာတော့သူတို့တွက်လွယ်နေပြန်ရော။ Spiritual နဲ့ဆိုင်တာတွေဆိုလည်း လက်ခံယုံကြည်တတ်ကြပြီး healing လည်းလုပ်ပေးချင်ကြတဲ့သူတွေလေ။ ရှင်သန်နေရခြင်းရဲ့ရည်ရွယ်ချက်တွေကို သိချင်ကြတယ် ဘာကြောင့်အသက်ရှင်နေရတာလဲ ဘာအတွက်ရှင်သန်ရမှာလဲ ဆိုတဲ့မေးခွန်းတွေသူတို့စီမှာရှိတယ်။ ဒီမေးခွန်းတွေအကြောင်းသူတို့စိတ်ဝင်စားတဲ့ ဒီလိုသဘာဝလွန်အကြောင်းအရာတွေကို အပြန်အလှန်နားထောင်ပေးမယ့်သူနဲ့စကားလက်ဆုံကြတဲ့ခါမှာတော့ သူတို့ရဲ့မျက်ဝန်းတွေကလင်းလက်နေမှာပါ။

✨ Life Purpose - ကိုယ်ကအတိတ်ဘဝမှာ အရမ်းတွက်ချက်ခဲ့တဲ့သူတစ်ယောက်ပါ .. ကျန်းမာရေးကိုလည်း အထူးသတိပြုခဲ့ပါတယ် .. ဒီဘဝမှာ Ascendant Pisces တစ်ယောက်အနေနဲ့ ဘယ်လိုအရာဘယ်လိုလူကိုမှ သိပ်ဂရုမစိုက်ပဲ ဖြစ်ခြင်း ပျက်ခြင်း သဘောတရားကိုလက်ကိုင်ထားတတ်ပါကြပါတယ် .. စိတ်ရှုပ်တယ် ဖြစ်သမျှအကြောင်းအကောင်းဆိုတာမျိုးပေါ့ ..