Sagittarius

Sagittarius

November 22 - December 21
Nautre - Fire 🔥
AdventurousOptimisticStraightforwardImpatientVersatile

🎠ထာဝရကျောင်းသားတွေလို့ဆိုရမယ့် Mercury Sagi တို့ကသူတို့မှာသိစရာတွေအများကြီးကျန်နေသေးတယ် လောကကြီးထဲမှာသူတို့မြင်နေရတဲ့အရာတွေထဲသူတို့မသိရသေးတာတွေကို အမြဲတမ်းရှာဖွေသင်ယူချင်တဲ့သူတွေပေါ့။ လောကကြီးအကြောင်းအများကြီးပိုသိချင်တယ် ပိုနားလည်ချင်ကြတယ်။ ဉာဏ်လည်းကောင်းတယ်တွေးတတ်တယ် အမြင်ရှိတယ်တစ်ခုလေးပဲတခါတလေအရမ်းတွေကို ဒဿနတွေဆန်သွားပြီးသတိလက်လွတ်ဖြစ်ဖြစ်တတ်တာတော့ရှိတယ်။ ကွယ်နေတာတွေနောက်အတွေးလွန်ရင်း တကယ်မြင်နေရတာတွေကိုမေ့ပြီး လမ်းတွေလွဲသွားကြတာ။ တခါတလေဆိုလည်းဘာတွေပြောမှန်းလည်းမသိ သူပဲနားလည်တယ်ဘယ်သူမှနားမလည်ဘူး။ Abstract ဆန်ဆန်တွေပြောတတ်လွန်းလို့ တော်ရုံသူတွေဆိုလည်လည်ထွက်သွားကြတာ။ သူတို့ပါသူတို့ကတော့ သူတို့အတွေးနဲ့ဆိုတော့ဟုတ်တော့ဟုတ်နေတာပေါ့လေ။ ဒါကလည်းတခြားသူတွေနဲ့မတူတမူထူးတဲ့ပုံစံဖြစ်နေတတ်တာပါပဲ။ 🎠serious လည်းသိပ်မထားတတ်ကြဘူး serious ဖြစ်သင့်တဲ့အခြေအနေမျိုးမှာတောင် သူတို့ကအေးဆေးပဲ။ Mercury Sagi တွေကလေသိပ်ပြီးလည်းလွမ်းတတ်ဆွေးတတ်တဲ့ထဲ မပါကြဘူးသိလား။ ဘယ်သူနဲ့မဆိုကောင်းကောင်းအဆင်ပြေအောငါ နေတတ်တယ်ဆက်ဆံတတ်တယ် သူတို့သဘောကျလာအောင်ပြောတတ်တယ်ဆိုတတ်တယ်။ တစ်ခုခုဆိုမေးရင်းမြန်းရင်းနဲ့ပဲခင်သွားတတ်တာများတယ်။ 🎠သူတို့က open mind ဖြစ်ကြပေမယ့်လေ တခါတခါအတွေးတစ်ခုပေါက်သွားပြီဆိုရင် အဲ့ concept နောက်ပဲလိုက်တာများတယ် အဲ့ချိန်ဆိုတခြားဘာကိုပဲနားမထောင်ဘူး နားလည်ဖို့လည်းမလုပ်ဘူး။ တခြားသူတွေကိုပါလိုက်ပြီးမဲဆွယ် လိုက်ပြောပြလုပ်တတ်ကြသေးတယ်။ 🎠မပြင်တာတော့မဟုတ်ပေမယ့် တခြား concept တစ်ခုသူ့အတွေးထဲရောက်လာတော့မှရပ်သွားကြမှာ။ အရမ်းသိချင်တယ် အရမ်းနားလည်ချင်တယ်။ တခုခုဆိုရင်မေးမြန်းလေးကလည်း ထူလိုက်ရမှာကျေနပ်။ တလွဲလုပ်နေတာတွေပေါက်ကရတွေ အတုအယောင်တွေဆိုလည်း ချက်ချင်းတန်းသိတယ်တွေးကြည့်တာနဲ့တင်သိနေတာ။ ပြေးကြည့်ဖို့မလိုဘူး။ သူတို့ရဲ့မူပိုင်တွေးပုံတွေးနည်း ယူဆချက်တွေနဲ့ပဲဘဝကိုရှေ့ဆက်တယ်ကြီးပြင်းကြတယ်။ သူတို့အယူနဲ့သူတို့ပဲ။ 🎠သူတို့ပျော်ပျော်တော့နေတတ်ပါတယ်။ ဟာသလည်းရွှင်တယ်ရယ်စရာလေးတွေလည်း လုပ်တတ်တယ်။ ပျော်နေရတယ်ရယ်နေရရင်ကိုသူတို့ ကျေနပ်နေတာများတယ်။ ဇာတ်လမ်းပြောလည်းကောင်းသေးတာနော်သူတို့က။ ပြောတဲ့ခါမှာလည်းရယ်စရာလေးတွေ ထည့်ထည့်ပြီးဟာသတွေညှပ်ပြီးဇာတ်လမ်းကို နားထောင်ကောင်းအောင်ပြောကြတာ။ အစအနောက်ကလည်းသန်သေးတယ်။ ဘာရယ်မဟုတ်ဘူးအားနေပျော်ချင်တဲ့ အတွေးကရှိနေတော့ဘယ်လိုစရမလဲ ချောင်းချောင်းနေတတ်တယ်။ တစ်ဖက်သူအဆင်ပြေလားမပြေလားမသိ ဒီအကြောင်းဟာသဖောက်လိုက်လို့တစ်ဖက်သူခံနိုင်ပါ့မလားမခံနိုင်လားမသိ ပြောထည့်ပြီးရယ်စရာလုပ်ပစ်တတ်တာ။ ဖြစ်လာမယ့်အကျိုးဆက်ကိုတွေးတာရှားတယ်။ 🎠ဘာပဲလုပ်လုပ်နောက်ဆုံးကိုပဲကြည့်တယ် နောက်ဆုံးဘာဖြစ်မှာလဲ ဘယ်လိုဖြစ်မလဲဆိုတာကိုပဲသိချင်တယ် ဒါကိုပဲခေါင်းထဲထည့်တယ်။ အဲ့ကျတချို့အသေးစိတ်နေရာတွေလွတ်ကုန်ရော ထည့်မတွက်မိတာတွေရှိတယ်။ တစ်ခုခုလုပ်ပြီဆိုလည်းနောက်တဆင့်ဘာလုပ်မှာလဲ ဘယ်လိုလုပ်မှာလည်းထက် နောက်ဆုံးဖြစ်ရင်ပြီးရောဆိုပြီးတွေးသလိုမျိုးပေါ့။ 🎠သူတို့ကဗွင်းဗွင်းရှင်းရှင်းကြီးတွေ တခါတလေကျတော့ရိုးတယ်လို့ပဲပြောရမလား အတယ်ပဲပြောရမလား သူတို့ပြောလိုက်တာကိုတစ်ဖက်သူဘယ်လိုထင်သွားမလဲမတွေးဘူး။ သူတို့ကိုယ်သူတို့တော့ရိုးသားသူကြီးပါပေါ့ သူများတွေကိုတောင်သူ့လိုရိုးရိုးသားသားနေဖို့ တိုက်တွန်းနေကြသေးတာ။ သူတို့နဲ့သွားမငြင်းမိလိုက်နဲ့ သူတို့အလျှော့ပေးတယ်ရယ်လို့မရှိ ဘယ်လိုနေနေသူတို့အမှန်ပဲ သူတို့အတွေးသူတို့မပြောင်းဘူး။ ဘူးဆိုဘူးပဲ။ 🎠သူတို့လောက်ဖတ်တာမှတ်တာဗဟုသုတရှိတာသူတို့ပဲ ဘယ်သူမှသူ့လောက်ရှိတယ်လို့မထင်တဲ့သူတွေ။ တခြားလူမျိုးတွေရဲ့နေထိုင်မှုစရိုက်တွေ ဘာသာရေးတွေ စာပေတွေလေ့လာရတာဖတ်ရတာသူတို့အရမ်းကြိုက်။ Foreign language တွေဆိုလည်းသူတို့တတ်လွယ်ကြတယ်။ သိပ်ပြီးအချိန်ယူမနေရဘူး။ Mercury Sagi တော်တော်များများကလေ ရေးတတ်ဖတ်တတ်ပြောတတ်ရုံတင်မဟုတ်ဘူး အသံနေအသံထား accent ကပါလုံးဝနီးပါးတူတဲ့ထိကိုထွက်နိုင်တာ။ (မယုံရင်ဘာသာစကားသင်နေတဲ့သူငယ်ချင်းတစ်ယောက်ရှာကြည့်ကြည့်လိုက်) ခုဖတ်နေတဲ့သူရောထွက်တတ်လားသိချင်မိ💌

✨ Life Purpose - အရင်ဘဝက စကော်လာရဖို့ ဆရာဖြစ်ဖို့ အကြံပေးဆွေးနွှေးပေးတဲ့သူဖြစ်ဖို့ မကြိုးစားခဲ့ပါဘူး .. ကိုယ်ဟာ အပျော်အပါးကိုပဲ မက်ခဲ့ပြီး လူငယ်ဆန်ဆန်နေခဲ့ပါတယ် .. သိလိုစိတ်လည်းများခဲ့ပါတယ် .. ဒီဘဝမှာတော့ Ascendant Sagittarius တွေက ဘာသာရေး Spirituality နဲ့ အသိဉာဏ်မြင့်မားဖို့ကို အာရုံစိုက်တဲ့သူများပါတယ် ..