Scorpio

Scorpio

October 23 - November 21
Nautre - Water 🌊
PassionateMagneticResoluteJealousSecretive

🦂Mercury in Scorpio = X Ray vision(စပ်စုစိန်?)🙄အမြဲလိုလိုဘာကိုပဲဖြစ်ဖြစ် သံသယဖြစ်လွယ်ပြီးစစ်လားမေးလားသိပ်လုပ်တတ်တဲ့သူတွေပေါ့။ စပ်စုစိန်လို့ရေးထားတာကိုအတည်မထင်နဲ့နော် သူတို့ကစပ်စုတာတော့မဟုတ်ပါဘူး သူတို့ရှေ့မူမမှန်တာတစ်ခုခုတွေ့ရရင်ကို ဘာဖြစ်နေတာလဲဆိုတာကိုတွေးကြည့်မိပြီးသားဖြစ်နေတတ်ကြတာ။ အပေါ်ယံအကြောင်းအရာတွေအကုန်လုံးကို ခွာချလိုက်ပြီးတကယ်ဖြစ်နေတာကဘာများဖြစ်မလဲဆိုတာကို ကွင်းကွင်းကွက်ကွက်မြင်နိုင်တဲ့သူတွေ ဖော်ထုတ်နိုင်ကြတဲ့သူတွေပါ။ သူတို့ကိုသွားလိမ်မယ်ပက်မယ်ဆိုရင်တော့ သူတို့ထက်ဆရာကျနေဖို့တော့လိုပါလိမ့်မယ်🤧အာရုံစိုက်လိုက်ပြီဆိုတာနဲ့အလုပ်မပြီးမချင်း ကျန်းမာရေးလည်းဂရုမစိုက်ဘူး ကျန်တာတွေလည်းဘေးခဏထားပဲ အဲ့အလုပ်ကိုပဲမပြီးပြီးအောင်လုပ်တတ်တဲ့သူတွေ။ 🦂ခံစားချက်တွေကြောင့်သူတို့အတွေးတွေ ဝေဝါးသွားတယ်ဆိုတာမရှိကြဘူး။ Mercury Scorpio တွေကဘဝကိုဘယ်လိုအစီအစဥ်တွေနဲ့ ဖြတ်သန်းရမလဲဆိုတဲ့အတွေးတွေနဲ့ ကုန်ဆုံးကြတဲ့သူတွေပါ။ အကွက်တွေကြိုမြင်တယ်ကြိုပြင်တယ် ဒါမျိုးပေါ့။ သူတို့ခေါင်းထဲမှာရှိတဲ့ strategy တွေကိုအမြဲလိုလိုအသုံးချကြတဲ့သူတွေ။ Plan A Plan B Plan C ဆိုပြီးလုပ်ချင်တာတွေကိုအမြဲနီးပါး စီထားတတ်တာသူတို့အကျင့်။ ကြိုပြီးအစီအစဥ်ဆွဲတယ် ဘယ်သွားမယ်ဘယ်သူတွေနဲ့သွားမယ်ရောက်ရင်ဘာလုပ်မလဲ ဘာစားမှာလဲဘယ်အချိန်တွေမှာလုပ်ရမယ်နဲ့ အသေးစိတ်နီးနီးကိုသူတို့ကကြိုစီစဥ်ထားတာ။ တနည်းပြောရရင်တော့အလွန်အကြူးအတွေးပိုတတ်လွန်းတဲ့သူတွေပေါ့။ ဒါမယ့်မှားနေတာလည်းမဟုတ်ဘူးလေနော် 🦂လူတွေနဲ့သိပ်ပြီးစကားမပြောတတ်ဘူး ပြောလည်းမပြောချင်ဘူးမဖြစ်မနေမို့ပြောနေရမယ် ဆိုရင်တောင်တစ်ယောက်တည်းကိုယ်ပိုင်ချိန်လေးပြန်ယူရမှ မဟုတ်ရင်အဆင်သိပ်မပြေချင်တော့ဘူး။ အာရုံစိုက်ခံရတာမျိုးတွေမကြိုက်တတ်တဲ့ အကျင့်ကြောင့်လည်းပါတာပေါ့လေ။ တော်ရုံလည်းပွင့်ပွင့်လင်းလင်းမရှိကြတာများတယ်။ သူများတွေလာပြောတာကိုပဲပိုနားထောင်ဖြစ်တဲ့သူတွေပေါ့။ သူတို့အကြောင်းထုတ်ပြောတယ်ဆိုတာခက်ရှားရှားရယ်။ 🦂အဲ့တော့စကားပြောနေရင်ဘာလုပ်လဲဆိုရင် တစ်ဖက်သူရဲ့ပုံစံအနေအထားကိုတွေကိုကြည့်ပြီး အကဲခတ်တာကိုဦးဆုံးလုပ်တာ။ ယုံရလားမယုံရလောက်ဘူးလား ဘယ်လိုလဲလို့ပေါ့။ တော်ရုံလွယ်လွယ်နဲ့ယူံတတ်တဲ့သူတွေမဟုတ်တော့လဲ....။ အရင်းနှီးဆုံးဆိုတဲ့တစ်ယောက်တော့ထားတတ်ကြပြီး သူနဲ့ဆိုရင်တော့အားလုံးပြောပြတယ် ဘယ်လိုခံစားရတယ်ဘယ်လိုတွေးမိတယ်အကုန်ပြောတာအဲ့ကျ။ အဲ့လိုလူဆိုတာကလည်းသူတို့တော်တော်ကို ယုံကြည်ပြီးအထပ်ထပ်စာမေးပွဲတွေစစ်ပြီးမှ ရွေးထားတဲ့သူပါ။ ကိုယ့်အားကိုယ်ကိုးတာများတော့ သူများစီကနေကူညီပေးပါလားဆိုတာကို မပြောချင်ဘူးမပြောတတ်ဘူး ကိုယ်တိုင်အဆင်ပြေအောင်ပဲလုပ်လိုက်ကြတာ။ 🦂Mercury Scorpio တွေကရှုပ်နေတာတွေကို အလွယ်လေးပဲနားလည်လွယ်ပြီး အကြောင်းအရာတွေဆွဲထုတ်တတ်တဲ့သူတွေ။ ပြဿနာရဲ့ရင်းမြစ်ကိုရှာရတာသူတို့တွက် သိပ်ကိုလွယ်။ သူတို့ဦးနှောက်ကလေဂိုဒေါင်ကြီးတစ်ခုလိုပဲ လူတွေကိုဘယ်လိုကူညီရမလဲဆိုတဲ့ tools တွေလည်းရှိသလို ဘယ်လိုဆန့်ကျင်ရမလဲဆိုတဲ့ tools တွေလည်းအပြည့်ပဲ။ လိမ်တာကိုမကြိုက်တတ်တဲ့အပြင် လိမ်နေမှန်းကိုလည်းသိလွယ်တာကြောင့် သူတို့ကိုလိမ်တယ်ညာတယ်သူတွေပေါ်ဆို ယုံကြည်မှုက(➖♾️)ထိကိုထိုးဆင်းသွားပြီ။ မဟုတ်တာလုပ်တာကိုအမုန်းဆုံးဆိုတဲ့သူတွေပါ။ 🦂သူတို့ကိုယ်တိုင်ကလည်းမှန်တာကိုပဲပြောချင်တဲ့သူတွေမလို့ အမှန်တရားကိုသိထားရပြီဆိုရင် တစ်ဖက်သူအဆင်သင့်ဖြစ်နေနေမနေနေပြောလိုက်တာပဲ။ အရမ်းပြောချင်တယ်ဒါမျိုးကျလေ။ အမှန်တရားကတော့နည်းနည်းခါးတယ်ပေါ့ဆိုတာက သူတို့ရဲ့လက်သုံးစကားလို့တောင်ပြောရမယ်။ နည်းနည်းလေး sugar coding လေးလုပ်ပြီးတောင်မပြောဘူးနော် ရှင်းရှင်းကြီး raw လိုက်ကြီးပြောချလိုက်တာ။ 🦂 Mercury Scorpio တို့က psychology ကိုစိတ်ပါကြတာများတယ် တိုက်ရိုက်မဟုတ်တောင်လူတွေရဲ့ အတွေးထဲဘာတွေဖြစ်နေတာလဲဆိုတာနဲ့ ပက်သက်ပြီးသိပ်ကိုသိချင်ကြတဲ့သူတွေပါ။ လူတွေအကြောင်းပိုနားလည်ချင်တယ် ပိုနားလည်အောင်လုပ်တတ်ကြတယ်။ နားလည်လာသလောက်လည်း ဖြည်းဖြည်းချင်းအရွယ်ရောက်လာလေလေ ပြောင်းလဲလာတတ်ကြတယ်။ 🦂ထူးထူးဆန်းဆန်းအရာလေးတွေဆိုစိတ်ဝင်စားတယ် မသိစေချင်တာမျိုးသိရခက်တာမျိုးဆိုပိုလို့တောင်ကြိုက်ကျသေးတယ်။ စုံထောက်ဝတ္ထုတွေဖတ်ရတာကိုကသူတို့အတွက် အရသာတစ်ခုလိုပဲ။ တချို့ကျတော့လည်း occult နဲ့ပက်သက်တာတွေ တခြား dimension ကသူတွေအကြောင်း မှော်ဆန်တာမျိုးတခြား realms တွေအကြောင်း အဲ့က creatures တွေအကြောင်းအဲ့လိုရေးထားတာမျိုးဆို သူတို့သိပ်သိပ်ကြိုက်ပဲ။ တခြားသူတွေတွက်နားလည်ရခက်တာတွေက သူတို့တွက်သိပ်ပြီးအားထုတ်စရာလိုမနေတာမျိုးပေါ့။ ဥပမာပြောရရင် abstract painting တွေဆိုသူများတွေ သိပ်မမြင်တတ်ပေမယ့်သူတို့ကတော့မြင်တတ်သလိုမျိုးပါ။ ရှင်သန်ခြင်းနဲ့အဆုံးသတ်ခြင်းကြားကအကြောင်းအရာတွေက သူတို့အာရုံကိုဖမ်းစားနိုင်တယ်လေ။ 🦂တစ်ခုကိုစိတ်ပါပြီလေ့လာချင်ပြီဆိုရင်လည်း အဆုံးထိကိုဟိုးအောက်ခြေထိလိုက်လေ့လာတတ်တာသူတို့အကျင့်။ အဲ့တာနဲ့ပက်သက်လို့အကုန်သိချင်တယ် အဲ့လိုသိရမှလည်းသူတို့မှာနေသာထိုင်သာရှိတာမဟုတ်ရင် ဟာတာတာကြီးဖြစ်နေပြီးနေလို့ထိုင်လို့မကောင်းကြတော့ဘူး။ Mercury Scorpio တို့ကလေ black humor တွေလည်းကြိုက်ကြတယ်။ သူတို့စကားပြောရင်လည်းလေ သူတို့ရဲ့အသံ tone က ထေ့ပြီးပြောသလိုလိုပုံစံမျိုး။ 🦂မှတ်အားကောင်းတယ် တော်ရုံနဲ့မမေ့ဘူး။ အဲ့တော့သူတို့ကိုမဟုတ်တာလုပ်ခဲ့ဖူးတဲ့ သူတွေဆိုရင်အခဲမကျေကြတာများတယ်။ တော်ရုံနဲ့လည်းခွင့်မလွှတ်ပေးတတ်တဲ့သူတွေမို့ အရင်ကအဖြစ်အပျက်တွေကိုလုပ်သွားတဲ့သူကသာ မေ့မယ်သူကတော့အရိုးထဲစွဲနေရောပဲ။ (ခုဖတ်နေတဲ့သူတွေထဲ ကိုယ်ဆိုးခဲ့ဖူးတဲ့ ex က Mercury Scorpio ဆိုရင်တော့သတိသာထားတော့😛😛) သူတို့နာကျင်ရတာဆိုပိုမှတ်ထားတာ ဘယ်လိုနေနေမမေ့ဘူးကလေးဘဝထဲကကိစ္စကိုတောင်အသက်ကြီးတဲ့ထိ မှတ်မိနေတတ်တုန်း။ သူတို့ကပြန်လက်စားမချေတတ်ပေမယ့် တချို့အနည်းစုကတော့ ထင်းခွေမကြုံရေခပ်ကြုံဆိုပြီးတေးထားတာမျိုးတော့ရှိတတ်တယ် အနည်းစုပါအားလုံးနီးပါးကကြိမ်ဆဲတာလောက်ပါပဲ🤭 🦂အတိတ်မှာမှားခဲ့ဘူးတာတွေပြန်ပြင်မရတော့တဲ့အရာတွေတွက် သူတို့ကိုယ်သူတို့လည်းအပစ်မြင်တာကမပြီးနိုင်သောပဲ။ ဘာမှလည်းပြန်လုပ်မရတော့မှန်းသိသိကြီးနဲ့ကို သူတို့ကိုသူတို့အပစ်တွေတင်ပြီးဒုက္ခခံကြတာ။ သူတို့မပွင့်လင်းဘူးဆိုတာကလည်းဒီလိုအချက်တွေကြောင့်ပါပဲ။ ရင်ဘတ်ကြီးနဲ့ခင်ပြီးပေါင်းလိုက်ပြီးမှ ပြန်ပြင်မရတဲ့အမှားတစ်ခုဖြစ်နေမှာစိုးတာ။ ဝင်ခွင့်ပေးလိုက်ပြီးမှသူနဲ့ပက်သက်လို့မကောင်းတဲ့ အမှတ်တရတွေမလိုချင်ဘူးကျန်နေမှာမျိုးမကြိုက်ဘူး။ သူ့ကိုလည်းလက်မလွှတ်နိုင်တွေဖြစ်မှာကိုလည်း မဖြစ်စေချင်ဘူး။ အရမ်းခင်ရင်စိတ်ထဲအသည်းထဲကနေ ပေါင်းတာမို့တော်ရုံတွေဆိုသူတို့နဲ့သိတယ်ဆိုတဲ့ နေရာမှာပဲထားတတ်ကြတာ။ 🦂Mercury Scorpio တွေစကားပြောပုံကတည့်တိုးဆန်တာမျိုးဆိုတော့လေ နည်းနည်းလေးရိုင်းသလိိုလုမထီမဲ့မြင်လုပ်သလို ဖြစ်နေတတ်တယ်သူတို့စိတ်ထဲမှာတော့မရည်ရွယ်ပါဘူး။ တည့်ဆိုတာပွင့်ပွင့်လင်းလင်းပြောတာလို့ဆိုလိုတာမဟုတ်ဘူးနော်။ သူတို့လောက်စကားချန်တတ်တာသူတို့ပဲရှိတယ်။ ပြောတဲ့စကားလုံးတိုင်းရဲ့နောက်ကွယ်မှာ သူတို့တကယ်သိချင်တဲ့အကြောင်းအရာတွေရှိနေတတ်သေးတာ။ Mercury Scorpio တွေကိုအာရုံကိုဖမ်းစားဖို့တွက်ဆိုလေ နည်းနည်းပဟေဠိဆန်ဆန်လေးစကားစ ဒါမယ့်သတိတော့ထား သူတို့နဲ့ပြိုင်ပြီး mind game တော့မဆော့မိစေနဲ့ သူတို့ကကိုယ်တွေထက်လည်တယ်ကိုယ့်ပြန်ပတ်သွားမှာ။

✨ Life Purpose - အတိတ်ဘဝမှာ ငွေကြေးလုံခြုံမှု မိသားစုနဲ့ သာယာမှုတွေအပေါ်ပဲ အာရုံစိုက်ခဲ့ပါတယ် .. အတိတ်မှာ တချိန်လုံး ပိုက်ဆံ ပိုက်ဆံဆိုပြီးဖြစ်နေခဲ့တာပါ .. အဲ့တာကြောင့်ဒီဘဝမှာ ကိုယ်ဟာ အနိမ့်အမြင့်ကို ကြမ်းတမ်းစွာ ခံစားရပါတယ် .. ကံကောင်းရင်လည်း အရမ်းကောင်းပြီး ဆိုးရင်လည်း အရမ်းဆိုးတတ်ပါတယ် .. ဝဋ်ကြွေး ရှယ်ဆပ်နေရတဲ့သူတွေပါ .. mysticism.. astrology .. occult science တွေမှာ စိတ်ဝင်စားတဲ့သူများကြပါတယ် ..