Taurus

Taurus

April 20 - May 20
Nautre - Earth 🌏
ReliablePatientPracticalStubbornSensual

🐮အသံနေအသံထားလေးနဲ့တစ်ဖက်သူ နားထောင်ကောင်းအောင်လို့ နှုတ်ခမ်းဖျားကထွက်လာမယ့်စကားတစ်လုံးစီကို ဂရုတစိုက်နဲ့ရွေးပြီးပြောပြတတ်တဲ့သူလေးတွေ။ ယဥ်ကျေးတဲ့အသွင်နူးညံ့တဲ့ပြောဟန်တွေနဲ့ သူတို့ကတော့နားထောင်သူတွေနဲ့ကြားမှာ အဆက်မပြတ်သွားအောင်ဆွဲဆောင်နိုင်ကြတဲ့သူပါ။ အဖြစ်အပျက်လေးတွေ ဇာတ်လမ်းဇာတ်ကွက်နဲ့ပုံပြင်တွေပြောပြတဲ့ နေရာမှာဆရာတဆူနီးနီးပဲ။ စိတ်ကူးယဥ်ဆန်တဲ့သူတွေလို့တော့မထင်လိုက်နဲ့။ ဆုံးဖြတ်ချက်မချခင်မှာတော့ သေချာလေးအသေးစိတ်လက်တွေ့ကျကျတွေးရင်း အချိန်ယူပြီးအဖြေရှာတတ်ကြပေမယ့် လုပ်ပြီဟေ့ဆုံးဖြတ်ချက်ချပြီးပြီဆိုရင်တော့ ပြန်ပြင်ရိုးထုံးစံမရှိ။ 🐮ဘဝမှာပိုလွယ်ကူသွားအောင်ဘယ်လိုမျိုး လုပ်ရမလဲလုပ်လို့ရလဲရယ် ပိုပြီးကျေနပ်စရာတွေကြုံရအောင် ဘယ်လိုလုပ်ရမယ်ဆိုတာကိုအာရုံအစိုက်ဆုံးပဲ။ တည်တည်ငြိမ်ငြိမ်နဲ့နားထောင်ပေးတတ်တယ် ပြောတတ်တယ် သံသယတွေမယုံသင်ကာဖြစ်နေတဲ့စကားဝိုင်းထဲမှာတော့ မနေချင်ကြဘူး။ 🐮Mercury Taurus တွေကအမြင်ကနေသင်လွယ်ကြပြီး တစ်ခုခုအရှေ့မှလုပ်ပြတာကို အစအဆုံးသေချာလေးကြည့်ရရင် အနီးစပ်ဆုံးပြန်လုပ်ပြတတ်တယ်။ အရောင်တွေ ရုပ်ပုံတွေ ပုံစံတွေနဲ့သင်ရတဲ့ခါ သူတို့အတွက်အလွယ်လေးပဲ။ Tutorial video တွေကြည့်တာတို့လိုမျိုး video တွေကြည့်ရင်းကနေသင်ရတာက သူတို့အတွက်ပိုလွယ်ပြီးပိုမှတ်မိစေတာ။ မြင်ရတာကြားရတာကိုင်တွယ်ထိတွေ့ ရရင်သူတို့အတွက်လေ့လာရတာက ပြဿနာမဟုတ်တော့ဘူး။ တစ်ခုခုကိုသေချာလေးမှတ်မိဖို့ သူများတွေထက်အချိန်လေးပိုယူရပေမယ့် တစ်ခါမှတ်မိရင်တစ်သက်စာပဲမေ့တယ်ဆိုတာ ခက်ရှားရှားရယ်။ 🐮လက်တွေ့ပစ္စည်းတွေနဲ့သင်ရပြီး သင်ရင်းနဲ့လိုက်လုပ်ရတာ ဆရာနဲ့သူတို့ကြားကအပြန်အလှန်အတိုက်အဖောက်ညီသွားတဲ့ခါ အေးဆေးဖြစ်သွားပြီ။ Mercury Taurus တို့ကလေငယ်ငယ်ကသင်ခဲ့ရတာ သိခဲ့ရတဲ့ပုံစံတွေအတိုင်း ကြီးတဲ့ခါမှာဖျောက်မရတော့ပဲအကျင့်တွေပါသွားတတ်တာကြောင့် ငယ်ငယ်တည်းကသေချာလေး လမ်းပြပေးဖို့အရမ်းလိုအပ်တာ မဟုတ်ရင်မကောင်းတာတွေကအရိုးစွဲသွားလို့ ကြီးလာရင်ကျပြင်ရမလွယ်တော့ဘူး။ လက်ဦးဆရာကတအားအရေးပါတာ သူတို့အတွက်က။ 🐮Mercury Taurus တွေကလက်ရေးလည်းလှတာများပြီး မလှတောင်ဆွဲဆောင်မှုတစ်ခုရှိနေပြီး အမြင်ရှင်းရှင်းလေးနဲ့မိုက်နေတတ်တာများပါတယ်။ Stationary ဖိုးကတော့ရှယ်ကုန်တာများတယ်လို့ ကြားဖူးတယ်။ ကောင်းကောင်းလေးကိုင်ချင်ရတာနဲ့ လှတာလေးတွေနဲ့ဆိုပြီး အရွေးတွေလွန်တတ်သလို စုလည်းစုတတ်ကြသေးတယ်။ Music ပိုင်းမှာလည်းအစွမ်းအစလေးတွေက ပါလာတတ်ပြီးတချို့ဆိုနည်းနည်းလေ့လာလိုက်တာနဲ့ ကောင်းကောင်းတီးခတ်နိုင်တဲ့အဆင့်ကိုတောင်ရောက်သွားကြသေးတာ။ 🐮သူတို့သိထားတာကအမှန်လို့ပဲအမြဲလိုလို ယူဆတတ်ကြတဲ့သူတွေမို့ တစ်ခုခုကြုံတဲ့ခါဖြစ်နိုင်ချေရှိတာတွေကို မတွေးပဲသူတို့သိတဲ့ကြုံဖူးတာတွေနဲ့ ယှဥ်ပြီးတော့ပဲအဖြေထုတ်တာများတယ်။ တော်တော်လေးနားချရခက်တဲ့ သူတွေထဲသူတို့ပါတာပေါ့။ သူတို့ရဲ့ထင်မြင်ချက်ကိုပြောင်းလိုက်တယ်ဆိုတာ ကြုံတောင့်ကြုံခဲဖြစ်ရပ်ဆန်းပဲ။ အလျင်စလိုတွေမတွေးတတ်ဘူး အေးဆေးလေးပဲသွားတယ်။ အတွင်းထဲနေပြောတာတွေ အလိုအလျောက်သိတာတွေကို အရေးကိုမစိုက် သူတို့မျက်လုံးရှေ့မှာမြင်နေကြားနေထိလို့ရနေတာကိုပဲ အမှန်လို့ယူကြတဲ့သူတွေပါ။ 🐮အချိန်တွေယူတာများပြီးဘာတွေပြောမယ် ဘာအကြောင်းပြောမယ်ဆိုတာကို ခေါင်းထဲမှာဦးဆုံးစာစီလိုက်တယ် ပြီးတော့မှထုတ်ပြောတာ ဘယ်ပုံဘယ်ညာဆိုပြီးတော့ပေါ့။ အေးဆေးလေးပဲပြောတယ် ပြောချင်တဲ့အကြောင်းကိုထိထိမိမိနဲ့ နားထောင်တဲ့သူတွေတစ်ခါတည်းနားထဲဝင်သွားအောင် ဘာပြောချင်တာလည်းဆိုတာတစ်ဖက်သူသိအောင် ရှင်းရှင်းနဲ့ရိုးရိုးလေးပြောတတ်တာ သူတို့ရဲ့ပညာပါပဲ။ 🐮ဟာသဉာဏ်ရွှင်တဲ့သူတွေ ပျော်ပျော်နေတတ်တဲ့သူတွေဆို သူတို့သဘောကျကြပေမယ့် ရယ်ရအောင်တော့လုပ်မှာမဟုတ်ပါဘူး။ တစ်ခုခုဖြစ်ပြီဆိုလည်း အပြစ်ပြောတာဝေဖန်တာတွေနည်းပြီး သူတို့ဖက်ကနေဘယ်လိုများဖြေရှင်းပေးလို့ရမလဲ ကူပေးလို့ရမလဲပဲတွေးကြတဲ့သူတွေပါ။ ဒါတွေကဘယ်လိုဆက်ဆက်နေတာ ဒါတွေကဒီလိုတော့ရှိတယ်ဆိုတာကို သိရလို့ကျေနပ်နေမယ့်သူတွေတော့မဟုတ်ဘူး။ ဘာလို့ဒီလိုဖြစ်နေရတာလဲ ဘာကြောင့်လဲဆိုတာကိုနားလည်ချင်တတ်ကြတဲ့သူတွေ။ 🐮ခံစားချက်တွေကဘာတွေဖြစ်နေတယ် ဘယ်လိုခံစားရတယ်ဆိုတာကိုအမြဲတမ်းဂရုစိုက်တတ်ပေမယ့်လို့ အပြင်ကိုထုတ်ပြတာမျိုးလေးကျခက်သွားပြန်ရော။ ထိန်းမရသိမ်းမရပေါက်ကွဲတာမျိုးကလည်း ခက်ရှားရှားပါပဲ။ ငြင်းခုံကြတယ်ဆိုတာသူတို့တွက် မလုပ်ဖြစ်သလောက်နီးနီးရယ်။ တခါတလေကျသူတို့ပုံစံကြောင့် တစ်ဖက်သူတွေအနေနဲ့သူတို့က တစ်ခုခုဝှက်ထားတယ် စိတ်ရင်းမဟုတ်ကြဘူး ယုံဖို့မကောင်းတဲ့သူတွေလို့ထင်သွားတာတွေလည်းရှိတယ်။ ခေါင်းမာပြီးတစ်ယူသန်ကြတဲ့သူတွေလို့ မြင်ရင်လည်းမြင်အုန်းမှာ။ 🐮သူတို့ကိုယ်တိုင်ကတော့ စိတ်ဓာတ်ကြံ့ခိုင်တယ် ယုံကြည်မှုရှိတယ် ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ပဲလုပ်နိုင်တယ်လို့ တွေးဖြစ်ကြမှာ။ Mercury Taurus အနေနဲ့ကလေ ဝါသနာပါတာလေးတွေ လုပ်ချင်တာလေးတွေအတွက်အချိန်လေးတစ်ခုပေးထားသင့်တယ် ဒါမှစိတ်ပါတာလေးတွေလုပ်ရင်း ပြန်တက်ကြွလန်းဆန်းအင်အားတွေအသစ်ဖြစ်လာစေမှာပါ။

✨ Life Purpose - ကိုယ့်ရဲ့အတိတ်ဘဝဟာ မိသားစုမရှ်ိခဲ့သလို စီးပွါးရေးလည်း အဆင်မပြေခဲ့ပါဘူး .. သာယာမှုမရှိတဲ့ ဘဝဖြစ်ခဲ့ပါတယ် .. ကြီးမားတဲ့ အနိမ့်အမြင့်ပေါင်းများစွာ ကိုယ့်ရဲ့အရင်ဘဝမှာကြုံခဲ့ရတယ် .. ဝဋ်ကြွေးများခဲ့တာကြောင့် အဲ့ကနေလွတ်ဖို့ နည်းလမ်းပေါင်းစုံရှာဖွေပြီး ကြိုးစားခဲ့ပါတယ် .. အဲ့တာကြောင့် ဒီဘဝမှာကိုယ်က စီးပွါးရေးအောင်မြင်ဖို့၊မိသားစုသာယာနိုင်ဖို့နဲ့ ဘဝက်ို လုံခြုံစွာ ဖြတ်သန်းနိုင်ဖို့က ကိုယ့်အတွက် life purposeတခုလို ဖြစ်နေတတ်ပါတယ် ..