Virgo

Virgo

August 23 - September 22
Nautre - Earth 🌏
AnalyticalPracticalModestOvercriticalReliable

🌾ဦးနှောက်ကိုအရမ်းသုံးကြတဲ့သူတွေ တစ်ခုခုဆိုစီစစ်လွန်းတတ်တာကတော့ သူတို့ရဲ့ပြင်မရတဲ့အကျင့်လေးတစ်ခုပေါ့။ ဘာပဲလုပ်လုပ်ဘာပြီးရင်တော့ဘာ သူ့နည်းလမ်းအတိုင်းတသွေမသိမ်းပဲလုပ်ကြတယ်။ လုပ်နေတုန်းလည်းမှန်ရဲ့လားဟုတ်ရဲ့လား ဆိုပြီးအမြဲလိုလိုကိုစေ့စေ့စပ်စပ်တွေးနေသေးတာ။ အပြစ်တော့ပြောလို့တော့မရဘူးလေ သူတို့ကအမြဲတမ်းဘာပဲလုပ်လုပ်အကောင်းဆုံးလေး ဖြစ်ချင်တယ်အဆင်ပြေဆုံးနဲ့ အလွဲတွေအမှားတွေမရှိတဲ့ရလာဒ်မျိုးကိုပဲလိုချင်ကြတာကိုး။ 🌾အသေးစိတ်လေးတွေကအစသူတို့မြင်တတ်တယ် သတိထားမိကြပါတယ်။ တိုးတက်အောင်ပိုပြီးကောင်းအောင်လို့ ဘာတွေလုပ်ဖို့လိုမလဲလုပ်လို့ရမလဲအမြဲတမ်းအဖြေတွေရှာနေတတ်တဲ့သူလေးတွေပါ။ အဖြေရှာလွန်ပြီးအရမ်းတွေတွေးမိသွားတဲ့ခါကျ ဦးနှောက်ကိုပြန်အနားပေးဖို့ကိုမနည်းပြန်လုပ်ရရော။ ဦးနှောက်ကိုအနားပေးချင်စိတ် နည်းနည်းလေးမှမရှိကြဘူး။ 🌾ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် ဘယ်လိုမျိုးပြဿနာမျိုးတွေပဲကြုံကြုံ ဘာလုပ်သင့်တယ်ဆိုတာကိုအလွယ်လေးသိကြတယ်။ အဖြေထုတ်တဲ့နေရာမှာသူတို့ကျွမ်းကြတာပေါ့လေ။ ဘယ်နေရာကနေဘယ်လိုအစရှာရမလဲ ဘယ်ကနေဆွဲထုတ်ရမလဲဆိုတာသူတို့ကောင်းကောင်းကြီးကိုသိတယ်။ အများကြီးကိုတပြိုင်နက်တွေးပြီး ဆက်စက်အဖြေရှာတဲ့နေရာမှာတော်ကြပြီး အခြေအနေတစ်ခုကိုသုံးသပ်တဲ့နေရာမှာဆရာတစ်ဆူပဲ။ သူတို့တွက်ဒါကအရမ်းတွေခက်နေမှာတော့မဟုတ်။ 🌾အချက်လက်တွေအကြောင်းအရာတွေကို စုတဲ့ခါမှာလည်းလေအကျိုးအကြောင်းနဲ့မှတ်တတ်ကြတာသူတို့က။ ဖြစ်သလိုတုံးတိကြီးမှတ်ထားလိုက်ကြတာမဟုတ်ဘူး ဘာလို့ဘာကြောင့်ဆိုပြီးအကြောင်းလေးနဲ့မှတ်ထားတာ။ အလကားတော့အလုပ်ရှုပ်ခံတာမဟုတ်ဘူးနော် သူတို့လိုချင်တဲ့ချိန်ပြန်စဥ်းစားလို့ရအောင်တမင်ကိုသေချာမှတ်ထားတာမို့ပါ။ ဘယ်ချိန်ပြန်ဖော်ဖော်သူတို့မမှတ်မိဘူးဆိုတာ သူတို့မှာရာဇဝင်မရှိ။ သူတို့သိပြီးသားဆိုရင်ဘယ်ချိန်မေးမေးသိတယ် အရမ်းမှတ်ဉာဏ်အားကောင်းကြတဲ့ Mercuy Virgo တွေ။ 🌾အားလုံးကိုစိတ်ဝင်စားတယ်သူတို့စိတ်မဝင်စားတာဘာမှမရှိဘူး သူတို့တွက်လိုအပ်မယ်ထင်တာမျိုးဆိုသူတို့ဝင်စားပြီးသားပဲ။ ဒါမယ့်သူတို့ကလေအစဆုံးအကုန်လုံးသိချင်တာ။ အပေါ်ယံလောက်လေးမဟုတ်ဘူး အတိုင်းတာတစ်ခုထိထဲထဲဝင်ဝင်ကိုသိရမှကျေနပ်တာမဟုတ်ရင် သူတို့နေလို့မရဘူး။ ဒါကဘယ်လိုအလုပ်လုပ်တယ် ဒါကဘယ်လိုမျိုးကနေလာတာဆိုတာကိုသိရမှကိုဖြစ်တာ။ သူတို့မသိမကြားဖူးသေးတာများသူတို့ရှေ့သွားမပြောလိုက်နဲ့ အနည်းဆုံးတော့ဂလူးဂလူးကိုတက်ရှာပြီပဲ။ သူတို့မသိဘူးဆိုတာသိပ်မရှိချင်ဘူး အားလုံးကိုသိချင်တယ်။ 🌾တာဝန်ယူတတ်တဲ့နေရာမှာလည်းနှစ်ယောက်မရှိ လုပ်ပေးမယ်ပြောထားပြီးရင်လုပ်ကိုလုပ်ပေးတယ်။ ဘာပဲလုပ်လုပ်အစီစဥ်တကျလေးလုပ်ရတာကို ကြိုက်တယ်သေချာလေးစီမံရမှပျော်ကြတာ။ အချိန်ကိုအရမ်းအရမ်းအလေးထားတယ် လေးစားတယ်။ နောက်ကျတာမျိုးဆိုလုံးဝမကြိုက် သူတို့ကိုယ်တိုင်လည်းနောက်ကျတာမျိုးဖြစ်ရင် မကြိုက်ဘူးအပစ်ကြီးလုပ်ထားသလိုမျိုးခံယူလိုက်ကြရော။ အချိန်ကိုတန်ဖိုးထားတယ်လို့ပြောရမလား အလဟဿကုန်သွားတဲ့အချိန်တွေမရှိစေချင်တာသူတို့က။ တစ်ခုမဟုတ်တစ်ခုပြီးသွားလည်း နည်းလားပေါ့လေသူတို့ကအဲ့လိုလေးတွေးကြတာ။ 🌾သူတို့အတွေးထဲဒါတွေကလုပ်စရာမလိုဘူး လုပ်ဖို့အချိန်ပေးဖို့မတန်ဘူးလို့ ထင်တဲ့အရာတွေဆိုရင်လေလုပ်ကိုမလုပ်တာ။ ပြောရရင်အရေးကိုမစိုက်တာကွာ။ အဓိပ္ပာယ်မရှိဘူးထင်ရင် လှည့်ကိုမကြည့်ဘူး။ ဝါသနာပါတာတို့စိတ်ကူးပေါက်တာတို့ကြောင့်လုပ်တယ်ဆိုတာ ခက်ရှားရှားရယ်။ ခံစားချက်တွေထက်ဘာလို့ဆိုတဲ့ အကြောင်းပြချက်တွေအချက်တွေပေါ်ပဲကြည့်ပြီး လုပ်သင့်မသင့်ကိုဆုံးဖြတ်တာများတဲ့ Mercury Virogo တွေ။ သူတို့အယူအဆအမြင်တွေက သူတို့အပိုင်သူတို့အတွေးစစ်စစ်ဖြစ်ကိုဖြစ်နေရမယ် ဆိုတဲ့ခံယူချင်သူတို့မှာရှိတယ်။ 🌾ဆုံးဖြတ်ချက်တွေချရတော့မယ်ဆိုရင် ဒီအကြောင်းအရာနဲ့ပက်သက်ပြီး ဘာတွေသိဖို့လိုလဲဘာတွေတော့သိထားသင့်လဲ အကုန်အကုန်လိုက်မွှေနှောက်ရှာပြီးစုကြပြီ။ အမျိုးမျိုးတွေးတယ်စဥ်းစားတယ် ဘက်ပေါင်းစုံကနေအဖြေထုတ်ကြည့်တယ် အပြစ်ရှာကြည့်တယ် ဒါတွေအားလုံးပြီးသွားတော့မှဆုံးဖြတ်ချက်ကိုချတာ။ အရမ်းတွေမြန်မြန်လုပ်မနေဘူး ဆုံးဖြတ်တိုင်းမှာတိကျချင်တော့ မြန်ရင်မှားမှာစိုးတော့အေးဆေးပဲလုပ်တဲ့သူတွေ။ 🌾စကားပြောရင်လည်းအဲ့လိုပဲ သူတို့ပြောလိုက်တာကိုတစ်ဖက်သူနားလည်တဲ့ပုံစံလွဲသွားမှာကိုစိုးရိမိတယ် အဲ့တော့မပြောခင်တည်းကိုကကြိုတွေးထားတယ်။ သူတို့ဘာဖြစ်ချင်တာလဲဘာပြောချင်တာလဲကို ရှင်းရှင်းလင်းလင်းပဲပြောတယ်။ သူတို့ကိုပြောလာရင်လည်ဒီလိုပဲ နားလည်လွဲမသွားအောင်ပြန်မေးတယ် သေချာလားသက်သေယူတယ်။ Mercury Virgo တွေကလေ လျှို့ဝှက်တတ်တာတော့မဟုတ်ပေမယ့် မလိုတာတွေသိပ်မပြောဘူး။ သူတို့သိစေချင်တာကိုပဲပေးသိတယ် တစ်ဖက်သူမသိလည်းရတယ်ဆိုပြောမနေဘူး။ 🌾ကူညီပေးရတာမျိုးတော့သူတို့ကြိုက်တယ်။ သူတို့လုပ်ပေးလိုက်လို့သူများတွေအဆင်ပြေသွားရင်ကို ပီတိတွေဖြစ်နေကြတာ။ ဘာတွေတော့လွဲနေတယ်ဘာတွေကိုတော့ပြင်ရမယ် ဆိုတာထောက်ပြပေးပြီးပြင်ပေးရတာကိုက သူတို့တွက်ကပျော်စရာ။ ဘာပြောချင်လည်းသေချာနားထောင်ပေးတယ် ကျိုးကြောင်းစီလျော်အောင်သာပြော သူတို့စိတ်ရှည်ရှည်ပေးတယ်။ ဒါမယ့်ပြဿနာကဘာလဲဆိုတော့ Mercury Virgo တွေကမှားရင်မှားတယ်ပဲ အဲ့တာကိုလုပ်ကြံပြီးမပြောတတ်ဘူးအဲ့တော့ ပြောထည့်လိုက်ရောရှင်းရှင်းကြီး တစ်ဖက်သူကကြလက်သင့်မခံနိုင်သေးတဲ့ချိန်တွေနဲ့သွားတိုးတော့ မျက်နှာလေးတွေပျက်ရတတ်တာပေါ့။ သူတို့ကတော့စေတနာနဲ့ပါ။ 🌾အားလုံးအမှားဆိုတာမရှိကွက်တိဖြစ်နေရဖို့ကိုပဲ ခေါင်းထဲမှာရှိတော့တချို့ချိန်တွေကျ သူတို့ကိုယ်သူတို့မလုံလောက်သေးဘူး အများကြီးလိုသေးတယ်ဆိုတဲ့အတွေးတွေနဲ့ နှိပ်စက်မိတာတွေလည်းရှိသေးတယ်။ ဒါကတော့သတိထားစရာပေါ့လေ။ အဆင်မပြေမှစိုးရိမ်တဲ့စိတ် တွေးပူတတ်တဲ့စိတ်ကအစွန်းရောက်သွားတော့မကောင်းဘူးပေါ့။ Mercury Virgo တွေကစာတော်ကြတာများပါတယ်။ တစ်ခုခုဆိုကိုယ့်ပါကိုယ်ပဲ စိတ်ကိုခွန်အားပြန်ပေးပြီးကြိုးစားကြတာ။

✨ Life Purpose - အတိတ်ဘဝမှာကိုယ်က ဘာကိုမှဂရုမစိုက်ခဲ့ပါဘူး … အရာအားလုံးကနေ လွတ်မြောက်ဖို့ပဲကြိုးစားခဲ့သူပါ .. ဖြစ်သလိုနေခဲ့သူတဦးပေါ့ .. ကိုယ့်ရဲ့ အလုပ်နဲ့ အချစ်ရေးက်ိုပဲရှာဖွေခဲ့ပြီး အဲ့တာမှ ဘဝထဲက လွတ်မြောက်မယ် ထင်ခဲ့သူတဦးပေါ့ … လူတွေနဲ့ပတ်သတ်လို့ ပြသနာတခုခုပေါ်တိုင်း ထွက်ပြေးဖို့ပဲ ကြိုးစားခဲ့ပါတယ် .. ဘာကိုမှလေးလေးနက်နက် အာရုံစိုက်ပြီး မလုပ်ခဲ့ပါဘူး .. ဒီဘဝမှာတော့ Virgo Ascendant အနေနဲ့ လူတွေကို healingလုပ်ပေးဖို့ မွေးဖွားလာခြင်းပဲဖြစ်ပါတယ် .. အသေးစိတ်ကအစ သေချာအာရုံစိုက်ပြီး လုပ်ချင်စိိတ်ဖြစ်ပေါ်ပါလိမ့်မယ် .. အရင်ဘဝမှာ ကိုယ်ကကျန်းမာရေးမကောင်းခဲ့တာတောင် ကံတရားအတိုင်းဆိုပြီး သေချာဂရုမစိုက်ခဲ့တာကြောင့် ဒီဘဝမှာတော့ ကျန်းမာရေးကို အလေးထားပြီး ဂရုစိုက်ဖြစ်ပါလိမ့်မယ် …